စစ်တပ်က အမိန့်နဲ့ အဓမ္မစေခိုင်းခဲ့လို့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးများနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA)ထံ အလင်းဝင်ရောက်လာသူ စစ်မှုထမ်းတပ်သားသစ် ကိုနိုင်ဝင်းစိုးက ပြောပါတယ်။ 

ကိုနိုင်ဝင်းစိုးဟာ ၂၀၂၅ ဇန်နဝါရီလမှာ စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံခဲ့ရပြီး ရဲမွန်တပ်မြိုမှာ စစ်သင်တန်း ၁ လခွဲ ရယူကာ ရက္ခိုင်ဒေသသို့ ပို့ဆောင်ခဲ့ရတာပါ။ ရခိုင်ဒေသအတွင်း တပ်မ(၅၅) မှာလည်း တာဝန်ထမ်းဆောင်ခဲ့ရပြီး  အမြင့်ကျွန်း ရှေ့တန်းကာကင်း ရောက်ရှိနေချိန်မှာ ဒေသခံတွေနဲ့ ချိတ်ဆက်ပြီး AA ထံ အလင်းဝင်ခဲ့တာဖြစ်တယ်လို့ တပ်သားနိုင်ဝင်းစိုးက ပြောခဲ့တာပါ။

ရခိုင်ဒေသကို ရောက်ရှိနေချိန်မှာ ဒေသခံရပ်ရွာများကိုဝင်ရောက်ပြီး နေအိမ်များကို ဖျက်ဆီးခဲ့ရကြောင်းနဲ့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးတွေကိုလည်း စစ်တပ်ရဲ့အမိန့်ကို မလွန်ဆန်နိုင်တာကြောင့် ဖျက်ဆီးခဲ့ရပုံတွေကို ပြောကြားထားပါတယ်။

Video – AA Info Desk

0 Shares:
You May Also Like
Read More

ပြည်သူ့စစ်တွေကို ရှေ့ဆုံးကတိုက်ပွဲဝင်ခိုင်းနေကြောင်း တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆ တပ်ရင်းမှ တပ်သား မောင်မောင်ဝင်း ထွက်ဆိုချက် (ရုပ်/သံ)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ပြည်သူ့စစ်တွေကို ရှေ့ဆုံး ကနေ တိုက်ပွဲဝင်ခိုင်းနေကြောင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆ တပ်ရင်းမှ ပြည်သူ့စစ်တပ်သား မောင်မောင်ဝင်းက အာရက္ခတပ်တော်ထံ ထွက်ဆိုခဲ့ပါတယ်။
Read More

မွန်ပြည်နယ်ကို အားဖြည့်ပေးဖို့ မွန်တွေကို တောင်းဆိုပါတယ် (အပိုင်း – ၂)

မွန်ပြည်နယ်အတွက် စစ်ရေးရော အုပ်ချုပ်ရေးမှာပါ လူအင်အားလိုအပ်နေတာကြောင့် မွန်လူမျိုးတွေ ကိုယ့်ဒေသကို ပြန်လာပြီး ပူးပေါင်းပါဝင်ပေးကြဖို့ သူက တောင်းဆိုထားပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- မောင်ဖြိုး၏ ပြောကြားချက် (ရုပ်/သံ)

"ဘာကြောင့်အလင်းဝင်လာလဲဆိုတော့ အစောပိုင်းကလည်း လုပ်ချင်လို့ လုပ်လာတာမဟုတ်ပါဘူး။ အခုအလင်းဝင်လာတာလည်း ကိုယ့်အတွက် ရွေးချယ်စရာရှိတယ်ဆိုတဲ့ဟာ သိရလို့ ဝင်လာတာပါ။ စနိုက်ဘာတစ်လက်ရယ်၊ MA-1 တစ်လက်ရယ် ယူပြီး အလင်းဝင်ခဲ့တာပါ''
Read More

အာဏာရှင်ကို ကာကွယ်မလား ပြည်သူကို ကာကွယ်မလားဆိုတာ ရွေးချယ်ခဲ့ရသူ (ရုပ်/သံ)

“ကျနော် စစ်သားဖြစ်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့ပဲ စစ်သားလုပ်ခဲ့တာ။ ကိုယ့်ပြည်သူကို ပြန်ကာကွယ်ဖို့ အခြေအနေကိုပဲ လိုချင်ခဲ့တာ။ ကျနော်တို့ကို လက်ထဲမှာ ကျည်ဆန် အပြည့်အဝ ထည့်ပေးတယ်။ သေနတ် တစ်လက်ပေးတယ်။ ပြီးရင် ကိုယ့်ပြည်သူကို ပြန်သတ်ခိုင်းတယ်”
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၅၁၁) တပ်သား- ဘိုမင်းဇေယျာထွန်း၏ ပြောကြားချက် (ရုပ်/သံ)

“ရမည်းသင်း ရွှေတောင်မှာ ရွှေလုပ်ရင်းနဲ့ မိန်းမဆီ ခွင့်ပြန်လာတဲ့အချိန်မှာ စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံရတာ။ လူအကုန်လုံး ၂၀ ဆွဲခံရတယ်။ စစ်ကိုင်း တပ်မ ၃၃ ထဲကို ပို့တယ်။ တပ်ထဲမှာလည်း မနေချင်ဘူး။ တိုက်ရခိုက်ရတာလည်း ဝါသနာမပါဘူး။ ကိုယ့်မိသားစုနဲ့ ကိုယ်ပဲ အေးအေးဆေးဆေး နေချင်တာကြောင့်မလို့ အလင်းဝင်လာတာ''
Read More

သူငယ်ချင်းဖြစ်သူ ဘီယာသောက်ဖို့ ခေါ်ဆောင်ရာကနေ စစ်ကောင်စီတပ်ထံ ရောင်းစားခံခဲ့ရသည့်တပ်သား နေသူရမျိုး (ရုပ်/သံ)

စစ်ကောင်စီတပ်သား နေသူရမျိုးဟာ အာရက္ခတပ်တော် (AA)ထံ ဇူလိုင် ၂၇ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။