မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က ကျေးရွာတွေမှာ မဲလက်မှတ်သွားရောင်းရာကနေ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားနေတာ ၁၀ ရက်ကျော်လာနေပြီလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့ကတည်းက ဖြစ်ပွားနေတာဖြစ်ပြီး ၁၀ ရက်ကျော်လာပြီဖြစ်ကာ စစ်ကောင်စီတပ်တွေက အင်အား ၃၀၀ ကျော် သာလွန်အင်အားတွေနဲ့ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ရဲဘော်တွေက ငါးခြင်းမှီးကမ်းပိန်းလုပ်ထားလို့ မဲသွားရောင်းကြတာ ရဲဘော်တွေရောက်တဲ့ရက်မှာပဲ စစ်ကြောင်းထိုးလာတာနဲ့ တစ်ချိန်တည်းဖြစ်ပြီး တိုက်ပွဲဝင်ပေးနေခဲ့တာ… အခုကတော့ ပြည်သူတွေက မပြန်ကြဖို့ တားနေလို့ ဆက်ပြီး ကာကွယ်ပေးနေတာပါ” လို့ CDSOM အဖွဲ့တာဝန်ခံ ကိုနွေဦး – မြောင်က မောင်းကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာလည်း နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီက လုပ်ဆောင်နေတာကြောင့် ထောင်နဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေဟာ တခြားနယ်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က ထိခိုက်သူတွေများသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၁ယောက် ထိခိုက်ဒဏ်ရာရရှိထားကာ ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ ကနဦးသိရပါတယ်။

“အဓိကပြောချင်တာကတော့ ကျနော့်ရဲဘော်တွေရဲ့ စိတ်ဓာတ်ကိုပါ။ ပြန်ခေါ်တာတောင် ပြည်သူတွေက သူတို့ရှေ့က ကာပေးထားဖို့ တောင်းဆိုတော့ ပြီးတော့ ရဲဘော်တွေက တိုက်ပွဲဝင်ဖို့ သွားတာမဟုတ်တဲ့အတွက် ကျည်လည်း လုံလုံလောက်လောက်မပါပေမယ့် ပြည်သူတွေရှိနေသမျှ ပြည်သူတွေရှေ့ကနေ ကာကွယ်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်ကို ဂုဏ်ယူမိတယ်” လို့ ကိုနွေဦးက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်း ၂ ခုထဲက ခမရ ၅၆၃ တပ်ရင်းကို AA သိမ်းပိုက်၊ ခမရ ၅၆၂ တပ်ရင်းကိုလည်း အပြင်းအထန် ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် မြို့စောင့်တပ်ရင်း ၂ ခုထဲ တစ်ခုဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၆၃ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေတဲ့ ခမရ ၅၆၂ တပ်ရင်းကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ရခိုင်ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်လို့ သတင်းထွက်ပေါ်

ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်ရဲ့ အစိမ်းရောင် စစ်ယူနီဖောင်းကိုသာ ဝတ်ရတော့မယ်လို့ အမိန့်ထုတ်ထားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။ “သူတို့ စစ်တပ်ယူနီဖောင်း အစိမ်းဝတ်မှ စစ်တပ်က လက်ခံမှာလို့ ပြောတယ်။ BGF ပျောက်ကြားတွေ၊ ကွန်ပျူတာကွက်တွေ၊ အဝါကွက်တွေ ဝတ်လို့ မရတော့ဘူးတဲ့။ စစ်တပ်လို အစိမ်းဝတ်မှတဲ့။ ဒီနေ့ပဲ သတင်းထုတ်ပြန်တာ” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေး ပိုမိုထိရောက် အားကောင်းစေဖို့ MLA နဲ့ အလုံးစုံ ပူးပေါင်းလိုက်တဲ့ MSRO

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) ဟာ သူတို့ရဲ့ တပ်ဖွဲ့ကို ဖျက်သိမ်းပြီး မွန်ပြည်လွတ်မြောက်ရေးတပ် (MLA) နဲ့ ပူးပေါင်းကာ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်လာပါတယ်။ 
Read More

အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးဖြစ်သူနှင့် ရန်ဖြစ်သည့် အမျိုးသား စစ်မှုထမ်း ခေါ်ဆောင်သွားခြင်းခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဘွက်တူးကုန်းကျေးရွာက လူငယ်အမျိုးသား တစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသားနဲ့ ရန်ဖြစ်စကားများရာကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထိုင်းမှာ ရက်၁၂၀ ကျော်အတွင်း မြန်မာလုပ်သား နှစ်သိန်းကျော် ဖမ်းဆီးခံရ

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမှာ စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွား၊ အကြမ်းဖက်စစ်သား ၁၄ ဦး သေဆုံး…

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ပါတယ်။