ဒီနေ့မှာ ကျရောက်တဲ့ (၇၈)ကြိမ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို Myingyan Black Tiger (MBT)တပ်ဖွဲ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားမှာတော့ MBT တပ်ဖွဲ့ရဲ့ နောက်တန်းဌာနချုပ်မှာ တပ်မှူး၊ တပ်သားတွေနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့မှာ နောက်တန်းဌာနချုပ်ရှိ တပ်မှူးတပ်သားတွေနဲ့အတူ ဗိုလ်ချုပ်နဲ့ အာဇာနည် ၉ ဦးကို အလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျားမဲအလံ တဝပ်လွှင့်ထူခြင်း၊ ကျဆုံးအာဇာနည်တွေကို အောက်မေ့သတိရတဲ့အနေနဲ့ ဥဩဆွဲခြင်း၊ တပ်ရင်းမှူး ဗိုလ်မိုက်ခဲက အမှတ်တရ စကားပြောကြားခြင်းတွေ ပြုလုပ်ခဲ့ပါသည်” လို့ MBT တပ်ဖွဲ့က ဆိုထားပါတယ်။

တစ်ဆက်ထဲမှာပဲ ကျဆုံးအာဇာနည် ၉ ဦးအပါဝင် နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကိုပါ ဦးညွတ်အလေးပြုတဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

MBT တပ်ဖွဲ့အနေနဲ့ အာဇာနည်သူရဲကောင်းတွေ ရည်မှန်းခဲ့တဲ့အတိုင်း တောင်တန်း/ပြည်မ ခွဲခြားမှုမရှိဘဲ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ အတူတကွ ပူးပေါင်းတိုက်ထုတ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကော်မရှင်၏ ရွေးကော်အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂၅ ယောက်ကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်ပါတယ်။
Read More

စမ်းချောင်းမြို့နယ်မှာ မီးစက်မှထွက်သည့် မီးခိုးငွေ့ကြောင့် မိသားစုဝင် ၄ ဦးနှင့် အိမ်မွေးခွေး ၁ ကောင် အသက်ရှုရပ် သေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ အိမ်နံပါတ် ၄၄ / ၄လွှာမှာ နေထိုင်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ အိမ်မွေးခွေး ၁ ကောင်ဟာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ကြောင့် အသက်ရှုရပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

၇ ယောက် သေဆုံးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု ဥက္ကံကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ (၃၀)ရက် နေ့လယ်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

နတ်မောက်မြို့နယ်တွင် တောတဲတိုက်ကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်၊ ဖခင်ဖြစ်သူ ဒဏ်ရာရပြီး (၁၄) နှစ်အရွယ် သမီးဖြစ်သူသေဆုံး…

“တဲဘေးက ငရုပ်ခင်းလေးမှာ သမီးဖြစ်သူက ပေါင်းပေါက်နေတာ၊ ဖအေဖြစ်သူကဆေးဖြန်းနေတယ်၊ အဲ့မှာကြဲလိုက်တော့ သမီးဖြစ်သူကို အရင်ထိသွားတယ်၊ ဖအေဖြစ်သူက သွားတော့ နောက်တစ်လုံးထပ်ကြဲတာ၊ ဖအေဖြစ်သူကိုပါ ထိတာ၊ သမီးဖြစ်သူက ဆုံးသွားတယ်၊ ဖအေဖြစ်သူကဒဏ်ရာရသွားတယ်” လို့ နတ်မောက်ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ KNDF အသိပေးထုတ်ပြန်

ကရင်နီပြည်နယ် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို မြေပြင်စစ်ရေးအခြေအနေအရ သြဂုတ်လ(၁၀)ရက်‌နေ့ကစပြီး အသုံးပြုသွားခြင်းများ မပြုလုပ်ကြဖို့ ပြည်သူများကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။