ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားရာ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၃ ရက် နေ့လယ်ပိုင်းက မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲရှိ စပါးကြီးချောင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးရဲဘော်တွေက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၄ ရက် မနက်ပိုင်းမှာတော့ အင်အား ၄၀၀ ခန့်နဲ့ ခါချဉ်တောင်ပေါ်ကို စစ်ကြောင်းထိုးလာရာ ၄၈ ပေါက်၊ ဥတစ်လုံးတောင်နဲ့ ခါချဉ်တောင်တွေမှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေ ခါချဉ်တောင်စခန်းကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၅၀ ထက်မနည်း သေဆုံးကာ စစ်ကောင်စီတပ် ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ဇာမဏီကျဆုံးခဲ့ပြီး ဆိုင်ကယ် ၂ စီး၊ မိုးကာ၊ ဆိုလာပြား၊ ဆန်အိတ်တွေနဲ့ အခြားပစ္စည်းအချို့ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ရိုးမအတွင်း သွားလာမှုတွေ မပြုလုပ်ဖို့နဲ့ စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်နိုင်အောင် ထောက်ပံ့ကူညီပေးဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော် ပကဖထံ ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) လာရောက်တွေ့ဆုံ ထောက်ပံ့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် (ပကဖ) ကို ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) က လာရောက်တွေ့ဆုံပြီး ထောက်ပံ့ခဲ့တယ်လို့ နေပြည်တော် ပကဖ က ထုတ်ပြန်ပါတယ်။
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

NLD ဒုဥက္ကဌ (၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တစ်လပြည့် အောက်မေ့ဖွယ် အခမ်းအနား ဩစတြေးလျမှာ ပြုလုပ်

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Werribee မှာ ”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ (၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တလပြည့် အောက်မေ့ဖွယ် အခမ်းအနား" ကို နိုဝင်ဘာလ (၉)ရက်က ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားကို လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲစစ်ဘေးရှောင်တွေကို ယင်းမာပင်ခရိုင် ပြည်သူ့အုပ်ချုပ်ရေးရုံးအဖွဲ့မှူး၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံနဲ့ ​အဖွဲ့တို့က ငွေကြေး ကူညီထောက်ပံ့…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ယင်းမာပင်ခရိုင် ပြည်သူ့အုပ်ချုပ်ရေးရုံးအဖွဲ့မှူး၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံနဲ့ ​အဖွဲ့တို့က လာရောက်တွေ့ဆုံ အားပေးစကားတွေ ပြောကြားပြီး အလှူငွေတွေ ပေးအပ်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။