ပဲခူးတိုင်း မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမမှ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်းက မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲရှိ စပါးကြီးချောင်းမှာ စခန်းချထား တဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးရဲဘော်တွေက ရှောင်ခင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၂ နာရီကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက အင်အား ၄၀၀ ခန့်ဖြင့် ခါချဉ်တောင်ပေါ်သို့ စစ်ကြောင်းထိုးလာရာ ၄၈ ပေါက်၊ ဥတစ်လုံးတောင်နဲ့ ခါချဉ်တောင်တွေမှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲ ဘော်တွေ ခါချဉ်တောင်စခန်းကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးကာ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ဇာမဏီကျဆုံးခဲ့ရကာ ဆိုင်ကယ် ၂ စီး၊ မိုးကာ၊ ဆိုလာပြား၊ ဆန်အိတ်တွေနဲ့ အခြားပစ္စည်းအချို့ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူများအနေနဲ့ ရိုးမအတွင်း သွား လာမှုများ မပြုလုပ်ကြရန်နဲ့ စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်နိုင်ဖို့ ထောက်ပံ့ကူညီပေးကြ ဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ မေတ္တာရပ်ခံထားပါတယ်။

Video-သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅

0 Shares:
You May Also Like
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ တောင်ညိုစစ်ကြောင်း ထုတ်ပြန်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်း - P29906 က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းတပ်မ ၃၃ က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းတပ်မ ၃၃ ကထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက် ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ စစ်‌ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက်လာပြီဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင်စစ်ဌာန၊ ယင်းမာပင်မြို့နယ်စစ်ကြောင်း၏ စစ်ရေးပြအခမ်းအနား (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်းကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင်ခရိုင်စစ်ဌာန၊ ယင်းမာပင်မြို့နယ်စစ်ကြောင်း (YMB Column) ရဲ့ စစ်ရေးပြအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ယာဉ်ပေါ်ကနေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းကျေးရွာ ဘိုကလေးကျောင်းတိုက်အနီး တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၂ ရက်က ယာဉ်ပေါ်ကနေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်ထားပါတယ်။