တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၉ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ မြိတ်လေတပ်မယက ထွက်ခွာလာတဲ့ ဂျက်ဖိုက်တာ (၁) စီးက ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ မိမ္မမြို့ကျေးရွာအနီး ဗုံးကြဲချတိုက်ခိုက်ပြီး ‌စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး နေအိမ် (၃) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

“လက်ရှိက ကယ်ဆယ်ရေးလုပ်တုန်း အခြေအနေဆိုတော့ ကလေး ၁ ဦး သေဆုံးတာ အတည်ပြုနိုင်တယ် အရေအတွက် တိုးလာနိုင်တယ်” လို့ မြိတ်ခရိုင် တပ်ရင်း ၁ ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
0 Shares:
You May Also Like
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ ဒုဗိုလ်မှူးအဆင့်နှင့် ၃ ပွင့်ဗိုလ်အပါ စစ်သားအများအပြား သေပြီး ၂ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ရာ ဒုဗိုလ်မှူးနဲ့ ၃ ပွင့်ဗိုလ်အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြို့နယ်ပေါင်း ၁၉၀ တွင် အင်အား ၅၀၀၀ ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၁၉၀ မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ပေးနေကြောင်း NUG က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အရှိန်မြှင့်လာသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၇၃ ဦး သေဆုံးခဲ့

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ အရှိန်မြှင့်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၃ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Read More

ဒေါက်တာတေဇာဆန်းနဲ့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေရဲ့ ရေနွေးကြမ်းစကားဝိုင်း…

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သန်ခေါင်စာရင်းကောက်ယူရာမှာ ပါဝင်ဆောင်ရွက်နေသူတွေကို တိုင်ကြားနိုင်တယ်လို့ ပုလောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာ

အကြမ်းဖက်စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲ အထမြောက်ဖို့ သန်ခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်ဆောင်ရွက်နေသူတွေကို တိုင်ကြားနိုင်တယ်လို့ ပုလောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကနေ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက‌နေ မတရားအာဏာသိမ်းခဲ့တဲ့ ၄ နှစ်နီးပါး ကာလအတွင်းမှာ ပြည်သူလူထုကို မငဲ့ဘဲ…
Read More

စစ်တပ်သမိုင်းမှာ နာမည်အပျက်ဆုံး ဖြစ်နေသူ မင်းအောင်လှိုင်က သူ့လူများကို စစ်တပ်အတွက် နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရန် ညွှန်ကြား …

“ကာကွယ်ရေးစွမ်းပကား တိုးတက်စေရေး ဆောင်ရွက်သွားဖို့အပါအဝင် မိမိကိုယ်ကိုကောင်းအောင် ထိန်းသိမ်းဆောင်ရွက်ကာ နိုင်ငံတော်နဲ့ စစ်တပ်ကို ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် စစ်တပ်ကို နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရမယ်” လို့ တစ်နိုင်ငံလုံးလှည့်ပတ်ဗုံးကြဲပြီး ပြည်သူကို အကြမ်းဖက်နေနေတဲ့ မင်းအောင်လှိုင်က ခပ်တည်တည်တဲ့ ပြောဆိုသွားခဲ့တာပါ။