ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF (P-29909) တပ်ရင်းက နွေဦးတော်လှန်ရေးအတွင်း တပ်ရင်းက ကျဆုံးရဲဘော် ၇ ယောက်ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင် စနစ်ပြုတ်ကျရေးအတွက် ကဏ္ဍတစ်ခုက ပါဝင်နေတဲ့ Southern Eagle PDF တပ်ရင်းမှာလည်း ဒီနေ့အထိ အာဇာနည် (၇) ဦး ထွက်ပေါ်လာခဲ့တယ်လို့ Southern Eagle PDF က ဆိုပါတယ်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်မှာ ကျဆုံးသွားတဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေအပါအဝင် မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ အာဇာနည်အပေါင်းတို့ကို ဦးညွှတ်ဂုဏ်ပြုကြောင်း Southern Eagle PDF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မင်းနေကုန်းရဲစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်လို့ စစ်အုပ်စုတွေ အပြင်းအထန် ထိခိုက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မင်းနေကုန်းရွာရဲစခန်းကို ဒရုန်းတွေ ၊ လက်နက်ကြီးတွေနဲ့ သွား​ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုတွေ အပြင်းအထန်ထိခိုက်သွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သတိထားရမည့် ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်များ

လက်ရှိ မိုးရာသီရောက်ရှိလာချိန်မှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေအစား လေပြင်းတိုက်ခတ်မှုဒဏ်ကို ပိုမိုခံနိုင်တဲ့ ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို စတင် အသုံးပြုနေပြီလို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်လာသည့် ရဲကားကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၂ ဦး သေပြီး လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ၊ ရဲကားကိုပါ မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ရဲကား ၁ စီး တိုက်ခိုက်ခံရမှုမှာ ကားပေါ်ပါတဲ့ ရဲ ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ​၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။
Read More

မြင်းခြံနှင့် နွားထိုးကြီးတွင် အကြမ်းဖက်စစ်ကြောင်းက ရွာများကို မီးရှို့ကာ အရပ်သား ၂၆ ဦးထက်မနည်း သတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂၆ယောက်ထက်မနည်း သတ်ဖြတ်ထားပြီး ကျေးရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။