ဇူလိုင်လ ၁၉ ရက်ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။

မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းရှိ ရဲဘော်ရဲမေတွေက ‎ကျဆုံးလေပြီးတဲ့ အာဇာနည်ရဲဘော် ၉ ယောက်နဲ့တကွ ဒီမိုကရေစီခေတ်အဆက်ဆက်‌ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို အစဉ်အောက်မေ့သတိရလျက် ရိုသေစွာ အလေးပြုခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေနဲ့ တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါ စစ်ကောင်စီတပ်သား ၁၀ ဦး သေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း ထိမှန် မီးလောင်ခဲ့ပြီး အရာရှိအဆင့် ၂ ယောက်အပါ စုစုပေါင်း ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများအား ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း 5/Fighter Group Local PDF သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

လက်နက်ချရန် ဖျောင်းဖျမှုကို လက်မခံဘဲ ပြန်လည်ပစ်ခတ်ခဲ့တဲ့ နမခ ဆက်သွယ်ရေး တပ်ကြပ်ကြီးကို ပစ်ခတ်ရှင်းလင်း…

"သူတို့ဘက်က လိုက်ရှာတယ်၊ လှုပ်ရှားမှုတွေတော့ တွေ့တယ် အဲ့လောက်ပဲဗျ ကျနော်တို့ဘက်ကိုတော့ ရောက်မလာဘူး ကျနော်တို့ကတော့ ကျနော်တို့ ပိုင်နက်ထဲရောက်လာတာကို ပစ်ခတ်ရှင်းလင်းလိုက်တာ ”လို့ ဗိုလ်ပုလဲက ဆက်ပြောပါတယ်။
Read More

ဇူလိုင်လ ပထမအပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သား ၉ ဦးကို အမည်နှင့်တကွ အတည်ပြုထားဟု AAPP ထုတ်ပြန်၊ အတည်မပြုရသေးသည့် သေဆုံးသူအရပ်သား ၁၃ ဦး ရှိဟု ဆို

နိုင်ငံတစ်ဝန်း ဇူလိုင်လရဲ့ ပထမ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးရိုးမက တိုက်ပွဲတွေမှာ စစ်တပ်က လူအင်အားအလုံးအရင်းနဲ့ အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ခွာနေရ…

ပဲခူးတိုင်းအနောက်ခြမ်းက ပဲခူးရိုးမပေါ်မှာ နေ့စဉ်နဲ့ အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေက တဖြေးဖြေးချင်း ဆုတ်ခွာနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။