မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင်လ ၁၉ ရက် ဒီနေ့ မနက် ၁၀ နာရီလောက်မှာ အရှေ့ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း သေဆုံးသွားသူနဲ့ ဒဏ်ရာရသူတွေကို အဲ‌ဒီနေ့ နေ့လယ် ၁၁ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
လာရောက်သယ်ဆောင်ချိန်မှာလည်း အရှေ့ဘုန်းကံနဲ့ ပခုက္ကူမြို့ရှိ သီတာလမ်းစစ်ဆေးရေးဂိတ်အထိ ဖောကား ၃ စီး၊ မတ်တူ ကား ၁ စီးက အင်အား ၃၀၀ ခန့် နဲ့ လာရောက်ကင်းချခဲ့တယ်လို့ ဆိုပါတယ်။

” သေဆုံးမှု နဲ့ ဒဏ်ရာရတာတွေကို ကျနော်တို့ အတွင်းသတင်းရ သိရတယ်။ ဒဏ်ရာရှိတဲ့လူနဲ့ သေတဲ့ရုပ်အလောင်း လာသယ်တဲ့ အချိန်မှာလည်း အင်အားအများကြီးနဲ့ ကင်းချထားတယ်” လို့ ဒေါင်းညီနောင် PKU တပ်ဖွဲ့ရဲ့ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီနောက် စစ်ကောင်စီတပ်သားတွေဟာ အရှေ့ဘုန်းကံရွာထဲမှာ အင်းအား ၇၀ ခန့် ထပ်မံဖြည့်တင်းထားတယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ဒေါင်းညီနောင်ပြည်သူကာကွယ်ရေး PKU ၊King cobra ၊Southern yso local တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်သားတွေဟာ ဇူလိုင် ၁၅ ရက်ကလည်း ပခုက္ကူလေယာဉ်ကွင်း အနောက်ဘက်ကို ကင်းပတ်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်တစ်ယောက်အပါအဝင် ၆ ယောက် သေဆုံးကာ ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – အရှေ့ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်စဥ်
0 Shares:
You May Also Like
Read More

ရေဘေးအလှူဆိုပြီး PDF အယောင်ဆောင်ကာ ငွေကြေးကောက်ခံမှုတွေရှိနေ

ပဲခူးတိုင်းထဲမှာ ရေဘေးကို အကြောင်းပြပြီး ပဲခူးတိုင်းလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ PDF အယောင်ဆောင်ကာ ရွှေဆိုင်နဲ့ ရတနာဆိုင်တွေကို မသမာသူတွေက ချိန်းခြောက်စာတွေပို့ကာ ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။
Read More

တောင်သာ မှာ စစ်တပ်က ကျေးရွာတွေကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ဦး ဗုံးသီးထိမှန် သေဆုံး

မန္တလေးတိုင်း မိထ္ထီလာခရိုင် တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိကာ၊ အိမ်မွေးတိရိစ္ဆာန်အချို့ပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ဆိပ်ဖြူအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ ဆိုင်ကယ် ၁ စီး ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဖလန်းကျင်းရွာအနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်ကာ ကလေးငယ်အပါ ၆ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဖလန်းကျင်းရွာအနီးမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ၆ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေဆီက သိရပါတယ်။
Read More

မှော်ဘီလေတပ်စခန်းမှာ အကြမ်းဖက်စစ်တပ် စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေ

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းထဲမှာ အကြမ်းဖက်စစ်ကောင်စီက စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေတယ်လို့ မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

မြဝတီတစ်မြို့လုံး စက်သုံးဆီဆိုင်တွေ ပိတ်ချထား

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိကျေးရွာတွေမှာ သြဂုတ်လ ၁၄ ရက် မနက်ပိုင်းကစလို့ စက်သုံးဆီဆိုင်တွေ အကြောင်းပြချက်မရှိဘဲ ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။