မန္တလေးတိုင်း နွားထိုးကြီးမြို့လယ်ရှိ နန္ဒှဝန်ပန်းခြံဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုမှာ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းရဲဘော်တွေက အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယနေ့ဇူလိုင် ၁၉ ရက်မှာကျရောက်တဲ့ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် နွားထိုးကြီး မြို့လယ် နန္ဒဝန်ပန်းခြံ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုရှေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလံတစ်ဝက်လွှင့်တင်တာ၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အလေးပြုခြင်း၊ အောက်မေ့ဖွယ်ငြိမ်သက်ခြင်းများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Video-မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်း
0 Shares:
You May Also Like
Read More

ငါန်းမြာကြီးရဲကင်းစခန်းသို့လာသည့် စစ်ကား ၄ စီးကို ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦးသေပြီး ဗိုလ်အပါအဝင် ၂ ဦး ဖမ်းဆီးရမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲကင်းစခန်းသို့ တပ်ချိန်းဖို့နဲ့ လက်နက်ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ် ယာဉ် ၄ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေပြီး ဗိုလ် ၁ ယောက်အပါအဝင် ၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TGYR - Youth Guerrilla Counter Revolution -NZ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့ နမခမှ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလ္လကပ္ပရွာထိပ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ် ၂၄ စီးကို မြင်းမူမြို့နယ် အလ္လကပ္ပရွာထိပ်မှာ မိုင်း ၄ လုံးတစ်ပွိုင့်နဲ့ ၃ လုံးတစ်ပွိုင့်အသုံးပြုပြီး ၄စီးမြောက်ယာဉ်နဲ့ ၄ စီးမြောက်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ်ကွက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းအတွင်း TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ် ကွက်ကို ဧပြီလ ၅ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်အား ၇၇ ယောက်ပါ စစ်ကောင်စီစစ်ကြောင်း တစ်ခုလုံးနီးပါး အပြုတ်တိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ထောက်ပံ့နဲ့ ပို့ဆောင်ဆက်သွယ်ရေးတပ်က ထွက်လာတဲ့ အင်အား ၇၇ ယောက်ပါ အကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီ ၅ ရက် မနေ့က ဝက်လက်မြို့နယ် မှတ်ထိရွာနဲ့ မင်းကုန်းရွာကြား တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း - Eagle Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ၏ မောရအောင်သံ တော်လှန်သံချပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောင်းသားများသမဂ္ဂက မောရအောင်သံအမည်နဲ့ တော်လှန်သံချပ်ထိုးခဲ့ပါတယ်။