ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ရှိ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား​ ၁ ယောက်ကို ရန်ဖြစ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ခဲ့တဲ့ အကျဥ်းဝန်ထမ်းဆိုသူကို အရေးယူမှု မရှိဘဲ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားကိုသာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက် မနက်ပိုင်းက နိုင်ငံရေးအကျဥ်းသား ကိုအောင်သူထက်ကို ထောင်ဝန်ထမ်း စိုးမင်းဆိုသူက ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ခဲ့ပြီးနောက် တိုက်ပိတ်အရေးယူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကိုအောင်သူထက်အနေနဲ့ အခြားအမှုနဲ့ ကျခံနေရတဲ့ အကျဥ်းသား​ ၁ ယောက်နဲ့ ရန်ဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရိုက်နှက်ခံခဲ့ရတာဖြစ်ကာ ရိုက်နှက်ပြီး အချိန်အတော်ကြာထိလည်း ဆေးကုသခွင့် မရရှိခဲ့သလို ဆေးကုသခွင့်ပေးပြီးနောက်မှာလည်း ပြဿနာရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ခေါ်ယူ တိုက်ပိတ်ထားခံခဲ့ရတယ်လို့ ကိုသိုက်ထွန်းဦး က ပြောပါတယ်။

ဒါ့အပြင် ထောင်ဝန်ထမ်းစိုးမင်းဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှု မကြာခဏ လုပ်ဆောင်တတ်သူ ၁ ယောက်ဖြ​စ်သလို သာယာဝတီထောင်ကို ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်တာမျိုးတွေ ရှိခဲ့တဲ့အတွက် တိုင်ကြားခံထားရသူ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် ထောင်ဝန်ထမ်းစိုးမင်းကို အပြင်ထွက်ခွင့်ပိတ်တာနဲ့ နေရာပြောင်းရုံကလွဲလို့ အရေးယူတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။

ပုံစာ – အကျဥ်းထောင်တစ်ခုမှ အကျဥ်းကျခံနေရသူများကို တွေ့ရစဥ် (ပုံဟောင်း)

“ကိုအောင်သူထက်ကို လက်ရှိအချိန်အထိ တိုက်ပိတ်အရေးယူထားဆဲပါ။” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှု၊ ရိုက်နှက်မှုတွေ အရင်ကထက် ပိုမို လုပ်ဆောင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေခဲ့​သလို ဒီကျူးလွန်မှုတွေအပေါ် ထောင်အာဏာပိုင်တွေဘက်က ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူမှုတွေ မလုပ်ဆောင်ဘဲ လျစ်လျူရှုထားတာကြောင့် ပိုမိုဆိုးဝါးလာတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလည်း မုံရွာအကျဥ်းထောင်ကနေ အိုးဘိုအကျဥ်းထောင်ကိုပြောင်းလာတဲ့ နိုင်​ငံရေးအကျဥ်းသားတွေကို ထောင်ဘူးဝ ရောက်ရောက်ချင်း အာဏာပိုင်တွေက ဆီးကြိုရိုက်နှက်ကာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို တိုက်ပိတ်ထားခဲ့ပါသေးတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတော့ ထောင်အာဏာပိုင်တွေအနေနဲ့ ထောင်ဝန်ထမ်းတွေဘက်က အခုလို နိုင်ငံရေးအကျဥ်းသားတွေအပေါ် တရားဥပဒေမဲ့စွာ ရိုက်နှက်မှုတွေ ရပ်တန့်စေနိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သက်သေတွေနဲ့တကွ စနစ်တကျ မှတ်တမ်းထားရှိပြီး တရားမျှတမှုကို ဖော်ဆောင်တဲ့ကာလကျမှ ကိုယ်တိုင်တာဝန်ခံရမှာဖြစ်တယ်လို့ PPNM က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော

တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 
Read More

တောင်သာမြို့မှာ စစ်ကောင်စီတပ်စွဲရာ အထက်တန်းကျောင်းကို ဝင်ရောက်စီးနင်းနိုင်ခဲ့ကာ စစ်သား ၁၀ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ အထက (၁) ကျောင်းကို ဝင်ရောက်စီးနင်းရာ စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ 
Read More

လက်ပံတန်းမြို့နယ်ကို စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲလို့ နေအိမ်ပေါ် တည့်တည့်ကျပြီး ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်က သူနေ့စဥ် ဗုံးကြဲနေသည့် နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြရန် တော်လှန်ရေးတပ်များကို တိုက်တွန်း

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက် ဒီနေ့ နေပြည်တော်မှာ ကျင်းပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြဖို့ ပြောဆိုလာပြန်ပါတယ်။
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း ထိမှန်ကာ ဆေးရုံရောက်ခါနီးမှ ကျဆုံးခဲ့သည့် ရဲဘော်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ဟာ ဆေးကုသဖို့ သွားနေစဥ် လမ်းခရီးအခြေအနေကြောင့် ဆေးရုံရောက်ခါနီးမှာပင် ကျဆုံးသွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၄ တပ်ရင်းထံက သိရပါတယ်။