တနင်္သာရီတိုင်း ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စု မိမ္မမြို့ကျေးရွာအနီး စစ်ကောင်စီတပ် လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့ ၇၈ နှစ်မြောက်အာဇာနည်နေ့မှာ စစ်ကောင်စီက မိမ္မမြို့ကျေးရွာအနီးကို လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ယောက်ထိခိုက်သေဆုံးပြီး နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံး ခဲ့ရတယ်လို့ သိရပါတယ်။

ထိခိုက်မှုအသေးစိတ်ကို စုံစမ်းစစ်ဆေးနေပြီး ဆက်လက်ထုတ်ပြန်သွားမယ်လို့ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

Video-PDF Myeik District Battalion 1 – P23401
0 Shares:
You May Also Like
Read More

ပုလောမြို့နယ် ခလရ ၁၇ တပ်ရင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အခြေစိုက် ခလရ ၁၇ တပ်ရင်းကို ‌တော်လှန်ရေးတပ်တွေ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

မြဝတီမြို့ ကျောက်ခက်မှာ နေရပ်ပြန်လိုတဲ့ နိုင်ငံခြားသားတွေနဲ့ DKBA တို့ ပဋိပက္ခဖြစ်ပွား (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ကျောက်ခတ်မှာ ဧပြီ ၁၃ ရက် မနေ့က ကျားဖြန့်လုပ်ငန်းနဲ့ ဆက် စပ်မှုရှိတဲ့ နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားရာမှာ နေရပ်ပြန်လိုတဲ့အတွက် ဆန္ဒပြခဲ့ရာကနေ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နဲ့ ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကမ်းနီရွာရှိ ဗလီကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နယ် ကမ်းနီရွာရှိ ဗလီကို ဧပြီ ၂၂ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမှတစ်ဆင့် သိရပါတယ်။
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ၃ ထပ်တိုက်တစ်လုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ (ရုပ်/သံ)

မန္တလေးမြို့ ၂၆ လမ်း ၈၀x ၈၁ လမ်းမှာ ဧပြီ ၁၅ ရက် မနေ့ညနေပိုင်းက လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၃ ထပ်တိုက်တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
Read More

အင်းတော် မြို့မဘုန်းကြီးကျောင်းကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ မြို့မဘုန်းကြီးကျောင်းကို ဧပြီလ ၁ ရက်နေ့တုန်းက စစ်ကော်မရှင်ရဲ့ တိုက်လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။