မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၈ ရက် မနေ့က နေ့လည်ပိုင်းမှာ စစ်ကောင်စီ ရဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းစခန်းကနေ ဗျူဟာကုန်း အောက်ဖက် မီတာ ၃၀၀၀ ခန့်အကွာရှိ နောင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၈၈ နှစ်အရွယ် ဒေသခံ အဘွားအို သေဆုံးခဲ့ပြီး အသက် ၂၀ အရွယ် မိန်းကလေးငယ် အလတ်စား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-Asho က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့ နေ့စဥ်ရက်ဆက် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး အပြစ်မဲ့အရပ်သားပြည်သူတွေကို သတ်ဖြတ်ကာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတာတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း CDF-Asho က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံ၊ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ထုတ်ပြန်ပါတယ်။
Read More

ရွာငံမှာ မြို့အဝင်ဘီးခွန်ဂိတ်၊ မူးယစ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေက စစ်အုပ်စုတွေ ဝင်ရောက်ပစ်ခတ်ခံရပြီး ရဲအရာရှိ၁ယောက်အပါ ၁၃ယောက်သေ

ရှမ်းတောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှာ မြို့အဝင်ဘီးခွန်ဂိတ်အပါအဝင် မူးယစ်ရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့က အကြမ်းဖက်စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး မူးယစ်ရဲအရာရှိ၁ယောက် အပါအဝင် အကြမ်းဖက်ရဲနဲ့ စစ်သား ၁၃ယောက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

ကလေးဝမြို့နယ် ပကဖ ထံ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ကို ဆက်သွယ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကလေးဝမြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်ထားသည့်မြို့များမှ အခြေခံပညာစာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန် CDM ဆရာ၊ ဆရာမ ၅၀၀ ဦးနှင့် ဆရာ၊ ဆရာမ အသစ် ၁၀၀၀ ဦး ခေါ်ယူမည်…

တအာင်းတပ်မတော် TNLA ရဲ့ တအာင်းပြည်ပညာရေးကောင်စီ (TLEC) က လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် TNLA စိုးမိုးနယ်မြေက အခြေခံပညာစာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သွားနိုင်ဖို့ လိုအပ်နေတဲ့ ဆရာ၊ ဆရာမတွေ ခေါ်ယူသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် မရိုးကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး သားအဖ ၂ ယောက် သေဆုံး၊ ၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။