မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ ရက်ဆက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျားဖြစ်ပြီး ဦးတည်ချက်ပြောင်းသွားခဲ့ကြောင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၁၆ရက်နေ့ကစပြီး နတ်မောက်မြို့၊ ရွာမွန် ကပစ ကနေ ထွက်ခွာလာတဲ့ အင်အား ၁၅၀ ခန့်ပါ  အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက နောက်တစ်နေ့ (ဇူလိုင်၁၇) နေ့လယ်ပိုင်းမှာ ကမ်းပြိုနဲ့ ကွင်းကြီးရွာကြား၊ ဘုတောင်နဲ့ ဘတောင်အနီးမှာ စတင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေ့က ၆၀ မမ လက်နက်ကြီး ၄ ချက် အပါဝင် ၄၀ မမ ၁ ချက်နဲ့ 30•06 ရိုင်ဖယ် ၁ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီကလည်း လက်နက်ကြီးပြန်ထောက်တာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်ကြောင်းဟာ သမုန်းကုန်းကြီးကျေးရွာအတွင်း တစ်ညအိပ်ဝင်ရောက်တပ်စွဲရင်း သမုန်းကုန်းကြီးရွာနဲ့ ကုလားရှင်ရွာအကြား ဒီနေ့ (ဇူလိုင်၁၈) နေ့လည်ပိုင်းမှာပါ ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။

တော်လှန်ရေးတပ်တွေက စစ်အုပ်စုရှိရာကို ၆၀ မမတွေအပြင် 30•06 ရိုင်ဖယ်တွေပါ ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်ကြောင်း ကစဉ့်ကလျားဖြစ်ကာ ဦးတည်မှုပြောင်းသွားခဲ့ကြောင်း သိရပါတယ်။

“၁၆ ရက်နေ့ကတည်းက ရွာမွန်ကပစ က ထွက်လာတဲ့ စစ်ကြောင်းပါ။ ရွာမွန်ကပစရယ် စိုင်းကောင်းစခန်းရယ် ကပစ ၁၇ ရယ်က ပေါင်းပြီး ထိုးလာတဲ့ စစ်ကြောင်းပါ။ အဲ့ဒါ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်ပြီး အရှေ့ကို ထိုးလာတဲ့စစ်ကြောင်းက တောင်စူးစူးကို ထိုးချသွားပါတယ်။ စခအထိအခိုက်တွေ ရှိတယ်။ စုံစမ်းနေဆဲပါ” လို့ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှု ၂ ခုကို သရက်ခရိုင် အမှတ် (၃) ငါးပြေမတပ်ရင်းနဲ့အတူ နတ်မောက် ပကဖနဲ့ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လက်ရှိမှာ ကုလားရှင်ကျေးရွာ ဘုန်းကြီးကျောင်းထဲ ဝင်ရောက်တပ်စွဲနေတဲ့အတွက် သမုန်းကုန်နဲ့ ကုလားရှင်ကျေးရွာက အရပ်သား ၄ ပုံ ၃ ပုံ နီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီက လူငယ်တွေကို အပျော်အပါးနဲ့ ဖျက်ဆီးကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ပျော်ပါးခွင့် အပြည့်ပေးထားကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားရက်တွေကို တဆက်တည်းပိတ်ပေးမယ်လို့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီ စည်းရုံး

စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားက ရက်တွေကိုပါ ဆက်တိုက်ပိတ်ပေးမယ်ဆိုပြီး Non-CDM ဝန်ထမ်းတွေကို ပြန်လည်စည်းရုံးနေမှုတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

မလိဝမ်းရဲစခန်းနှင့် အမှတ် (၅၈၂) ခြေမြန်တပ်ရင်းကို ကော့သောင်း ပကဖ တိုက်ခိုက်၊ စစ်တပ်အရာရှိတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံ မလိဝမ်းရဲစခန်းနဲ့ အမှတ်(၅၈၂)ခြေမြန်တပ်ရင်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ အမှတ် (၂) ရဲစခန်းက ဒုရဲအုပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်(၂)ရဲစခန်းက ဒုရဲအုပ် ၁ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတရပ်လုံးအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်နေသည့် စစ်အုပ်စုက KNU ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်မှာ အမိန့်ကြော်ငြာစာဆိုပြီး ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို ICC ထံပို့ပြီး ပြတ်သားထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်မှသာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခက ကင်းလွတ်မယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလကိုတောင်းဆို

စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ ကုလက လွှဲပြောင်းပေးပြီး ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီက အမြန်ဆုံး ပြစ်ဒဏ်ကျခံဖို့ အချိန်တန်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။