မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးတွေ၊ စနိုက်ဘာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၇ ရက် မနေ့က နတ်မောက်မြို့နယ် ကမ်းပြိုကျေးရွာနဲ့ ကွင်းကြီးကျေးရွာကြားရှိ ဘုတောင်နဲ့ ဘတောင်အနီး ပျူစောထီး၊ ရဲနဲ့ စစ်သား ၁၅၀ ခန့်ရှိ စစ်ကြောင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ၄ လုံး၊ ၄၀ မမ လက်နက်ကြီး ၁ လုံးနဲ့ စနိုက်ပါ ၁ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းကလည်း ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန် လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ သမုန်းကုန်းကြီးကျေးရွာအတွင်း ညအိပ်ပြီး ဇူလိုင် ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ သမှုန်းကုန်းကြီးကျေးရွာနဲ့ ကုလားရှင်ကျေးရွာကြား တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ စုံစမ်းလျက်ရှိတယ်လို့ သိပါတယ်။

အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် (၃) ငါးပြေမတပ်ရင်း၊ နတ်မောက်ပကဖ နဲ့ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ် ငါးပြေမပြောက်ကျားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ညောင်ဖြူပင် စခန်းကို ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ခရိုင်တပ်ရင်း (၃၅) ထံက သိရပါတယ်။
Read More

”ကရင်နီပြည်မှာ ဒရုန်းမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ရဲဘော်တွေ ပေးဆပ်မှုပိုများလိမ့်မှာတော့ အမှန်ပဲဖြစ်တယ်”KNDF စစ်ရေးချုပ် ခူးရီးဒူ

Karenni Nationalities Defense Force B09 မှာ ပြုလုပ်ထားတဲ့ “ဌာနေပေါ်ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ” သိန်း ၅၀၀၀ ပရောဂျက်ပြုလုပ်ရခြင်းနဲ့ မြေပြင်မှာ ဒရုန်းအရေးပါပုံကို စစ်ရေးချုပ် ခူးရီးဒူမှ ယခုလိုပဲ ရှင်းလင်းပြောကြားခဲ့ပါတယ်။
Read More

တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှာရှိတဲ့ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်နေတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၄ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် “အောင်ဖို့လှမ်းလာ စစ်ဝတ်တန်ဆာ” ကမ်ပိန်း (ရုပ်/သံ)

ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်းက ရှေ့တန်းရောက်ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် "အောင်ဖို့လှမ်းလာ စစ်ဝတ်တန်ဆာ" ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးဘူတာနားရှိ စစ်ကော်မရှင်တပ်ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့စျေးကို အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့စျေးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာခရိုင် ၊ အမှတ် - ၄ တပ်ရင်း / K4 က သတင်းထုတ်ပြန်ထားပါတယ်။