နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေ မကြာခင်မှာ ရပ်တန့်တော့မယ့်အန္တရာယ်ရှိတာကြောင့် ယာယီတဲတွေမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ အရပ်ဘက်အဖွဲ့ကွန်ရက်တစ်ခုက ထိုင်းအစိုးရကို ဇူလိုင်လ ၁၇ ရက် ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ကွန်ရက်ကိုယ်စားလှယ် Poh Toh Ki က အမျိုးသားလုံခြုံရေးဆိုင်ရာ အောက်လွှတ်တော် ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သလို အတိုက်အခံ ပြည်သူ့ပါတီ (PP) ရဲ့ အမတ် Rangsiman Rome ထံ အသနားခံစာ တင်သွင်းခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အခြားနေရာတွေမှာလည်း ဒုက္ခသည်အများအပြား အခြေချနေထိုင်နိုင်တဲ့အလျောက် လက်ရှိ ထိုင်းမြန်မာနယ်စပ်က စခန်း ၉ ခုမှာ အနည်းဆုံး ဒုက္ခသည် ၁ သိန်း နေထိုင်နေကြတယ်လို့ Ms. Poh က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) အတွက် ရန်ပုံငွေတွေအပြင် ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အဆင့်တိုင်းမှာ ဆိုင်းငံ့ထားတာကြောင့် စခန်းတွေ ဆက်လက်လည်ပတ်ဖို့ စိန်ခေါ်မှုဖြစ်ကြောင်း သူမက မှတ်ချက်ပြုပါတယ်။

ကျန်ဒုက္ခသည်အများစုဟာ ထိုင်းနိုင်ငံမှာ မွေးဖွားကြီးပြင်းသူတွေ ဖြစ်တာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ရပ်ဆိုင်းခြင်းမပြုခင် သူတို့ကို တရားဝင်အလုပ်သမားအဖြစ် လွှတ်တော်က အသိအမှတ်ပြုဖို့ ကွန်ရက်အနေနဲ့ တောင်းဆိုထားပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလတွင် တာ့ခ်ခရိုင် မဲဆောက်ခရိုင်ရှိ မြန်မာဒုက္ခသည်များကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့စဉ် (ဓာတ်ပုံ Royal Thai Army)

Transborder News သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားချက်အရ Border Consortium (TBC) နဲ့ IRC လို အဓိကကျတဲ့ လူသားချင်းစာနာမှုအဖွဲ့အစည်းနှစ်ခုဟာ အလှူရှင်ထောက်ပံ့မှုမရှိတာကြောင့် အကူအညီပေးရေးဝန်ဆောင်မှုတွေကို အခုလကုန်မှာ ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း သိရပါတယ်။

ကွန်ရက်ရဲ့ အဆိုပြုချက်အတွင်း ဒုက္ခသည်တွေအနေနဲ့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေ မလိုအပ်ဘဲ စခန်းနဲ့ သိပ်မဝေးတဲ့ အကွာအဝေးအတွင်း အလုပ်လုပ်ခွင့်ပြုဖို့ ပါရှိသလို ဒုက္ခသည်စခန်းတွေထဲ ထိုင်းဘာသာစကား သင်တန်းတွေချက်ချင်းပေးဖို့၊ ဒုက္ခသည်တွေ အလုပ်လျှောက်နိုင်မယ့် လုပ်ငန်းစဉ်တွေ ပြောပြပေးဖို့ အကြံပြုထားပါတယ်။

“ဒုက္ခသည်တွေသာ အခြေခံအခွင့်အရေးတွေရနိုင်ရင် စီးပွားရေးအတွက် အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာနိုင်တယ်” လို့ Ms.Poh က ဆိုတာပါ။

အောက်လွှတ်တော် ကော်မတီကလည်း ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်တွေအပေါ် ရပ်ဆိုင်းထားတဲ့ အကူအညီတွေရဲ့ အလားအလာတွေကို ဆွေးနွေးဖို့ ကြာသပတေးနေ့မှာ တွေ့ဆုံခဲ့ပြီး အမျိုးသားလုံခြုံရေးကောင်စီ (NSC) ကိုယ်စားလှယ်တွေ၊ နိုင်ငံခြားရေး၊ ပြည်သူ့ကျန်းမာရေး၊ ပြည်ထဲရေးနဲ့ အလုပ်သမား စတဲ့ ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်တွေ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

ဒုက္ခသည်တွေကို စခန်းတွေကနေ ထွက်ခွာခွင့်ပြုနိုင်ခြေကိုလည်း ကော်မတီရုံးအနေနဲ့ ပြန်လည်သုံးသပ်သွားမယ်လို့ သိရပါတယ်။

မူရင်းသတင်း – Group seeks legal work for refugees 



		
0 Shares:
You May Also Like
Read More

ဗြိတိန်က မြန်မာ့ငလျင်ဘေးကို စတာလင်ပေါင် ၁၅ သန်းအထိ ကူညီထား၊ ထောက်ပံ့မှုများ စစ်ကောင်စီထံမှ စီးဆင်းမည်မဟုတ်ဟု ဆို

ဗြိတိန်က မြန်မာ့ငလျင်ဘေးအတွက် ကူညီလှူဒါန်းထားမှုဟာ စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း အထိ ရှိသွားပြီလို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

မြန်မာဘက်မှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်နဲ့ စစ်ကော်မရှင်တပ်က တပ်သား ၅ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အဖမ်းခံရ

မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၁ ယောက်နဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြထားပါတယ်။
Read More

(AA နှင့်) ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး၊ ရခိုင်ကို လူသားစာနာ အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂ၏ တောင်းဆိုချက် ဘင်္ဂလားဒေ့ရှ် သဘောတူ

ဘင်္ဂလားဒေ့ရှ်ကတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Read More

ရာသီဥတုဖောက်ပြန်မှုကြောင့် အမျိုးသမီးတွေ အများဆုံးထိခိုက်တယ်လို့ အာဆီယံရဲ့အစီရင်ခံစာ ပြော

ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အလွန်ထိခိုက်စေခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့အပတ်က တင်ပြခဲ့တဲ့ ASEAN Gender Outlook 2024 အစီရင်ခံစာအရ သိရပါတယ်။
Read More

ရွေးကောက်ပွဲ အကြောင်းပြ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေ မြန်မာပြည်လာရောက်မယ်ဆိုခြင်းဟာ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းဟု NUCC ထုတ်ပြန်

မြန်မာပြည်က ရွေးကောက်ပွဲကိုလာရောက်လေ့လာမယ့် ရုရှားနိုင်ငံက အဖွဲ့တွေကို လုံခြုံရေးပေးဖို့ လက်နက်ကိုင်လုံခြုံရေးတပ်သားများစေလွှတ်ခြင်းဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ထိုင်းနိုင်ငံမှ ၁၅ ဦးသေဆုံးပြီး ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်နေရ

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား ဒုတိယနေ့အဖြစ် နယ်စပ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ထိုင်းနိုင်ငံက ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရက ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။