ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ – Karenni Mobile Health Committee (KnMHC) ရဲ့ ဆေးခန်းတာဝန်ခံ (Clinic In-Charge) တစ်ယောက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် Soe Reh ဟာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်က ကရင်နီပြည်ရှိ ဒေသခံပြည်သူတွေအတွက် Soe Reh ဟာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ Soe Reh ဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ KnMHC ရဲ့ Medic ဆေးသင်တန်း တစ်နှစ်တာကို တက်ရောက်အောင်မြင်ပြီးခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျဆုံးသွားတဲ့ Soe Reh ကို အာဇာနည်သူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းတဲ့အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲပြီး ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တရားဥပဒေစိုးမိုးရေး အလေးထား ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

လက်ရှိ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

ဗန်းမော်လေဆိပ်တစ်ခုလုံးကို KIA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားရရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် - KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဟားခါးမြို့အနီးက စစ်ကောင်စီတပ်စခန်းကို CNA နဲ့ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တပ်ရင်းမှူးအပါ စစ်သား ၁၀ယောက်ကျော်သေပြီး၊ ၁၉ယောက်ကို လက်နက်များနဲ့အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ် ၊ ဟားခါးမြို့အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၉ယောက်အထိ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
Read More

နတ်တလင်းတွင် ဆိုင်ကယ်နှင့် ကင်းပတ်သည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦး သေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ နတ်ပွဲကနေ ကင်းပတ်ပြီးပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေကာ အများအပြားထိခိုက်ခဲ့ကြောင်း တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄၊ Bamar Revolution Army (B.R.A) ထံက သိရပါတယ်။
Read More

အာဏာသိမ်းမှုနှင့် ငလျင်ဒဏ် ပြိုင်တူ ခံစားနေရသည့် မြန်မာတွင် လူပေါင်း ၆ သန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေ

အာဏာသိမ်း စစ်ကောင်စီလက်အောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ် အကြီးအကျယ် ခံစားရပြီးတဲ့နောက် အရေးပေါ် အကူအညီတွေ လိုအပ်နေသူ အရေအတွက်ဟာ ၆ သန်းကျော်အထိ ရှိလာပြီလို့ UNICEF က ပြောပါတယ်။
Read More

တောင်သာမြို့နယ်တွင် စစ်တပ်ဂိတ်စခန်းများကို မြင်းခြံခရိုင် တပ်ရင်း (၃) တပြိုင်တည်း စီးနင်းတိုက်ခိုက်၊ စစ်သားအလောင်း ၃ လောင်း တွေ့ရှိကာ ဂိတ်များကို မီးရှို့ဖျက်ဆီးနိုင်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားတချို့ သေဆုံးခဲ့ပြီး ဂိတ်စခန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။