ကချင်ဒေသအတွင်း KIA နဲ့ အတူ စစ်ဆင်ရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဗမာ့တပ်တော်ရဲဘော်တွေရဲ့  စစ်ရေးလှုပ်ရှားမှု မှတ်တမ်းရုပ်သံကို ဗမာ့တပ်တော်က ထုတ်ပြန်လိုက်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းပြီး မတ်လ ၇ ရက်က စလို့ အထူးစစ်ဆင်ရေးကြီးမှာ ဗမာ့တပ်တော်ရဲဘော်တွေက စစ်ကောင်စီတပ် စခန်းကြီး၊ စခန်းငယ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိတယ်လို့ သိရပါတယ်။

KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို အဓိကခြိမ်းခြောက်နေတဲ့ ဘွမ်ရယ်ဘွမ် (ပွိုင့်-၇၇၁) ဗျူဟာကုန်း၊ ဖွန်ပြန်ဘွမ် (သံခမောက်တောင်) ဗျူဟာကုန်း၊ ဂဂမ်ဘွမ်ဗျူဟာကုန်းနဲ့ တာဝါတိုင်းကုန်းစတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗန်းမော်-မြစ်ကြီးနားလမ်းမကြီးတလျှောက် ဗျူဟာကျတဲ့ အမှတ် (၃၇၀)အမြောက် တပ်ရင်းဌာနချုပ်၊ အမှတ် (၆၁၆) ဒုံးတပ်ရင်းနဲ့ စကခ ၂၁ (ဗန်းမော်) လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ ၂၃၇၊ ခလရ ၄၃၇ စတဲ့ တပ်ရင်းဌာနချုပ်တွေကို ဗမာ့တပ်တော်ရဲဘော်တွေက ပါဝင်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဗျူဟာကောင်းတွေ၊ အတွေ့အကြုံကောင်းတွေနဲ့အတူ ရဲဘော်တွေကို တိုက်ခိုက်မှုစွမ်းရည် ပြည့်ဝအောင် လက်တွေ့သင်ကြားကူညီပေးခဲ့တဲ့ KIA ကို အထူးကျေးဇူးတင်ရှိကြောင်း ဗမာ့တပ်တော်က ထုတ်ပြန်ထားပါတယ်။

Video – ဗမာ့တပ်တော်-Bamar Army

0 Shares:
You May Also Like
Read More

မြေပဒုံနှင့် တောင်သာရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် မြေပဒုံနဲ့ တောင်သာရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးနှင့် အသံတိတ်သပိတ်အတွက် ဒေါက်တာ တေဇာဆန်းတို့အဖွဲ့ မန္တလေးဈေးချိုအနီး ဆန္ဒပြ

အာဏာသိမ်းစစ်တပ်ရဲ့ အတုအ‌ယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့အတွက် မန္တလေးက ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းနဲ့ လူငယ်တချို့ဟာ မန္တလေးဈေးချိုအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။
Read More

မာနယ်ပလောက စစ်ကောင်စီရဲ့ ဗျူဟာစခန်းအဆင့် ပွိုင့် (၉၁၃) နို့ဒေးစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသက စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်း ပွိုင့် (၉၁၃) နို့ဒေးစခန်းကို Federal Wings အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီမြို့နယ် သိန်ခွန်းရွာ တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မတ်လ ၄ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် စကခ-၁၂ လက်အောက်ခံ ခမရ(၃၅၅) တပ်သား- ဒိုင်ဦး၏ ပြောကြားချက် (ရုပ်/သံ)

''ဘိတ်မြို့မှာ အလုပ်လုပ်ဖို့ တက်လာတာ။ တက္ကစီသမားတစ်ယောက်နဲ့တွေ့ပြီး ကျနော့်ကို အလုပ်ပေးမယ်ဆိုပြီး ပေါ်တာဆွဲခံရတာ။ သူတို့လုပ်ရပ်တွေ မကြိုက်လို့ အလင်းလာဝင်တာ။ လူငယ်တစ်ယောက်ကို ဖမ်းပြီးခေါ်တယ်။ မိဘတွေ မျက်ရည်ကျ‌အောင်လုပ်တယ်။ ဒါကြောင့် ကျနော်ပြေးလာတယ်။ ပြေးလာတဲ့ ရည်ရွယ်ချက်က အလင်းဝင်ပြီး လက်နက်ကိုင် သူတို့ကို ပြန်တော်လှန်မယ်လို့ ဆုံးဖြတ်ချက်နဲ့ ပြေးတာ''
Read More

ငါ့သရောက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သည်အထိ အများအပြားသေဆုံး၊ PDF ရဲဘော် ၁ ယောက် ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားခဲ့တယ်လို့ Bagan Ogre Force အဖွဲ့ထံက သိရပါတယ်။