စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်ကောင်စီတပ်ထံကနေ ဓားစာခံ ၄ ယောက်နဲ့ ဘုန်းကြီး ၁ ပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၇ ရက် မနက်ပိုင်းက အရာတော်မြို့နယ် မြေနတ်ရွာ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းမှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ ညနေပိုင်းမှာ ပြီးဆုံးခဲ့ကာ အထိနာသွားတဲ့ စစ်ကောင်စီတပ်က ငွေတွင်းပျူစခန်းကို ပြန်လည်ဆုတ်ခွာသွားပြီး သူတို့ဖမ်းဆီးထားတဲ့ ဓားစာခံ ၄ ယောက်နဲ့ ဘုန်းကြီး ၁ ပါးကို ကယ် ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဘုတလင် (မြို့နယ် ပကဖ) အဖွဲ့နဲ့ တိုက်နယ်အဖွဲ့တွေ၊ မုံရွာခရိုင်တပ်ရင်း (၂၀) BOB ၊ အရာတော် (မြို့နယ် ပကဖ) အဖွဲ့နဲ့ တိုက်နယ်အဖွဲ့တွေ၊ မုံရွာခရိုင် ဗျူဟာ (၆၆) နဲ့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ Galaxy Force ၊ ဓူဝံ၊ ဖီးနစ်နဲ့  ရွှေဘိုခရိုင် အမှတ် ၂၄ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် ၁ ယောက် နင်းမိုင်းကြောင့် ခြေထောက်ဖြတ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – People Defence organization of Budalin

0 Shares:
You May Also Like
Read More

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ရှေးဦးသူနာပြုနဲ့ အသက်ကယ်ဆယ်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ (ရုပ်/သံ)

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ရှေးဦးသူနာပြုနဲ့ အသက်ကယ်ဆယ်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ၄င်းတို့ရဲ့တပ်စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ MSRF  က ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ပါကစ္စတန်ကို အိန္ဒိယ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က အိန္ဒိယထိန်းချုပ်ထားရာ ကတ်ရှ်မီးယားဒေသမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရကာ အိန္ဒိယနိုင်ငံသား ၂၅ ယောက်နဲ့ နီပေါနိုင်ငံသား ၁ ယောက်တို့ သေဆုံးပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံအတွင်းကို အိန္ဒိယက ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ စစ်တပ်ယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ နမခကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၄ စီးကို ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ မနက်ပိုင်းက မိုင်း ၁၅ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ စျေးသစ်ဝန်းကျင်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ TNLA  မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှု ရန်က ကာကွယ်နိုင်ဖို့ အချက်အလက်များ မျှဝေပေးဖို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီ ပြောကြား (ရုပ်/သံ)

စစ်ကော်မရှင်အဓိကအားကိုးနေရတဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကာကွယ်နိုင်ဖို့ စစ်လေ ယာဉ်တွေနဲ့ ပတ်သက်နဲ့ အချက်အလက်တွေ မျှဝေပေးဖို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီက ပြောကြားခဲ့ပါတယ်။
Read More

မြိုင်မှာ ရိက္ခာလာပို့တဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲ၊ မိုင်းရှင်းတဲ့ စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူကနေ မြိုင်မြို့နယ်က စစ်တပ်အခြေစိုက်စခန်းတွေကို ရိက္ခာလာပို့တဲ့ အစီး ၂၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဇန်နဝါရီ ၆ ရက်က ကိုင်းဆယ်အရောက် ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။