“ကျနော်တို့အဓိက ရန်သူက မဟာလူမျိုးကြီးဝါဒကို နံပါတ်(၁)ရန်သူအနေနဲ့ သတ်မှတ်သလို လက်နက်ကိုင်ပြီးတော့ အနိုင်ကျင့်တဲ့ လက်နက်ကိုင်စစ်အာဏာရှင်တွေကိုလည်း ကျနော်တို့အဓိက ရန်သူအနေနဲ့ သတ်မှတ်ပြီးတော့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ကို ဒီနေ့အထိ ကျနော်တို့ တော်လှန်တိုက်ပွဲဝင်တယ်။ ဒီရန်သူတွေကို အတူတကွ သတ်မှတ်တဲ့ ဘယ်မဟာမိတ်နဲ့မဆို၊ ဘယ်မိတ်ဖက်နဲ့မဆို၊ ဘယ်တော်လှန်ရေးအဖွဲ့အစည်းနဲ့မဆို ကျနော်တို့ တစုတစည်းတည်းဖြစ်အောင် မဟာမိတ်အဖွဲ့တွေဖွဲ့ပြီးတော့ ဒီရန်သူကို ကျနော်တို့ ရင်ဆိုင်ခဲ့တယ်။”

—— ပဒိုစောဆဲဂေကေအဲန်ယူ

ကရင်အမျိုးသားအစည်းအရုံး (ဒုဥက္ကဋ္ဌ)

ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားမှာ ကရင် အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောဆဲဂေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားမှာ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့သို့ ပေးပို့တဲ့ သဝဏ်လွှာတွေ ဖတ်ကြားခြင်း၊ မာနယ်ပလောဒေသရရှိရေး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ထူးချွန်ရဲဘော်တွေကို ရာထူးတိုးခန့်အပ်ခြင်းနဲ့ ကျောင်းသားကျောင်းသူတွေက ဂုဏ်ပြုသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Video – 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

0 Shares:
You May Also Like
Read More

မော်ချီးဒေသကို စစ်တပ်လေကြောင်း ဗုံးကြဲမှုကြောင့် ၈ လအရွယ် ကလေးငယ်အပါ အရပ်သား ၆ ဦး သေဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အကြမ်းဖက်စစ်တပ်က ဧပြီ ၂၄ ရက် မနေ့က နေ့ လယ်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြည်သူများ သွေးမအေးသေးကြောင်း ပြသသည့် UAE မြို့ပြဂီတည (ရုပ်/သံ)

UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြို့ပြဂီတည ဖျော်ဖြေပွဲကို တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် Lလွန်းဝါ၊ ကောင်းကောင်းနဲ့ ခင်ဘုဏ်းတို့ လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။
Read More

အသက် (၁၈) နှစ်မပြည့်သေးပေမယ့် ပေါ်တာဆွဲကာ မှတ်ပုံတင်အသစ်လုပ်ပြီး စစ်တပ်ထဲ ပို့ခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား (ရုပ်/သံ)

''လူဝင်မှုကြီးကြပ်ရေး ( လဝက )ဆိုတဲ့ ဌာနက အသက်မပြည့်သေးတဲ့ နိုင်ငံသားကို စစ်ကောင်စီအမိန့်အတိုင်း မှတ်ပုံတင်အတုထုတ်ပြီး စစ်မှုထမ်းစေဖို့ ဆောင်ရွက်ပေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းအသက်မပြည့်သေးတဲ့ ကလေးတွေက အဖမ်းခံရ၊ ပေါ်တာအဆွဲခံရနဲ့ စစ်သင်တန်းကျောင်းဆီ အတင်းအဓမ္မအပို့ခံရပါတယ်''လို့ နည်းဗျူဟာ ၃၃မှ ဆိုပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေအတွင်း ကင်းပုန်းဝပ်ဖို့ ရောက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် တစ်နေရာမှာ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေအတွင်း ကင်းပုန်းဝပ်ဖို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီး အင်အား ၂၀ ခန့်ကို မိုးကြိုးပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်အောင် (LPDF) က ထုတ်ပြန်ထားပါတယ်။
Read More

သာစည်ကျေးရွာရဲကင်းကို လက်နက်ကြီး ၆ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ကျေးရွာရဲကင်းကို နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းက ၆၀ မမ လက်နက်ကြီး ၃လုံး၊ လက်လုပ်လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကရင်နီမှာ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ‘စုပေါင်းကူညီထောက်ပို့ကျည်’ ကမ်ပိန်း (ရုပ်/သံ)

ကရင်နီဒေသအတွင်း စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ 'စုပေါင်းကူညီ ထောက်ပို့ကျည်' ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။