ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue အီတလီရဲ့ မိခင်ကုမ္ပဏီ Condé Nast ဆီ Justice For Myanmar စာပို့ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာခရိုနီ ရေချယ်တေဇ (ထူးထွေးတေဇ) အကြောင်းဖော်ပြထားတဲ့ အွန်လိုင်း စာမျက်နှာကို Vogue Italia website ကနေ ဖယ်ရှားလိုက်ပြီ ဖြစ်တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။

Vogue Italia အနေနဲ့ ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မှုတွေ၊ OECD ရဲ့ တာဝန်ရှိတဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်ခဲ့တာကို ကြိုဆိုတယ်လို့ JFM က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စု ထောက်တိုင် ခရိုနီ ၁ ယောက်ဖြစ်တဲ့ ဦးတေဇရဲ့ သမီးဖြစ်သူ ရေချယ်တေဇဟာ ထူးအုပ်စုမှာ တာဝန်ရှိသူဖြစ်တဲ့အပြင် မြန်မာစစ်အုပ်စုရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ထူးအုပ်စုကနေ အမြတ်အစွန်းတွေ ရရှိနေသူ ဖြစ်တယ်လို့ သိရပါတယ်။

ခရိုနီတေဇရဲ့ ထူးအုပ်စုဟာ စစ်လက်နက် သဘောတူညီချက်တွေကို ကြားဝင်စေ့စပ်ထားပြီး စစ်အုပ်စုနဲ့ သူတို့ရဲ့ လုပ်ငန်းစုတွေကို မြေငှားခနဲ့ အခြားမသမာတဲ့ သဘောတူညီချက်တွေကတဆင့် ငွေကြေး ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

ရေချယ်တေဇကို Vogue Italia ပလက်ဖောင်းမှာ ဖော်ပြပေးတာဟာ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ထောက်ပံ့ကူညီပံ့ပိုးနေတဲ့ မိသားစုကို နာမည်ကောင်း ခဝါချပေးရာရောက်တယ်လို့လည်း JFM က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို တခြားနိုင်ငံတွေထက် တရုတ်က ပိုလိုလားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော..

မြန်မာ့အရေးမှာ နိုင်ငံရေး ရင်ကြားစေ့ကြပြီး၊ တည်ငြိမ် တာရှည်ခံမယ့် ငြိမ်းချမ်းရေးကို ရရှိဖို့ ကူညီပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့အရေးကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
Read More

စစ်အုပ်စု အသစ်ဖွင့်သည့် MRTV နှင့် MRN ဝါဒဖြန့်စာမျက်နှာများ Facebook မှ ထပ်မံ ဖယ်ရှားခံရ

မြန်မာစစ်အုပ်စုက အခုလအတွင်း အသစ်ဖွင့်ခဲ့တဲ့ MRTV စာမျက်နှာနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို  ပြန်လည်ကူးတင်နေတဲ့ MRN (Myanmar News Network) စာမျက်နှာတို့ကို Facebook (Meta) က ထပ်မံဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။ 
Read More

နယ်စပ်က ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေး တရုတ်နဲ့ထိုင်းပူးပေါင်းလုပ်ဆောင်မှုကို NUG က ကြိုဆိုတယ်လို့ ထုတ်ပြန်

မြန်မာပြည်နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နဲ့ ထိုင်းက ပူးပေါင်းအရှိန်မြှင့်တိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုတယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းတိုက်လေယာဉ်နှစ်စင်း နယ်စပ်ကင်းလှည့်

မြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်နေတာကြောင့် ထိုင်းလေတပ်က နယ်စပ်ကင်းလှည့်နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

စစ်တပ်ကို နိုင်ငံတကာက အရေးယူရန် လိုအပ်ပြီး တိတ်ဆိတ်နေခြင်းဟာ လူသတ်သမားများကို ကာကွယ်ပေးခြင်းဖြစ်ဟု ကိုထိန်လင်း ပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို လူမဆန်စွာ ဗုံးကြဲကာ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုကို နိုင်ငံတကာအနေနဲ့ ချက်ချင်းအရေးယူသင့်ပြီး တိတ်ဆိတ်နေခြင်းဟာ လူသတ်သမားတွေကို ကာကွယ်ပေးနေခြင်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောဆိုပါတယ်။