ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ယောက် ညကင်း တာဝန်ကျချိန် ထွက်ပြေးရင်း နေပြည်တော် PDF တပ်ရင်း (၉၀၁) ထံ လက်နက်ကျည်ဆံတွေ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ မနက်အစောပိုင်းက စစ်ဆင်ရေးနယ်မြေအမှတ် (၂)၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း (၉၀၁) ထံ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာစစ်ကောင်စီအထိုင်စခန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ကိုမင်းဟိန်းကျော်ဆိုသူ အလင်းဝင်ရောက်ခဲ့ပြီး စိတ်ဆန္ဒအရ စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိတယ်လို့ နေပြည်တော် PDF (၉၀၁) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တပ်ရင်းတာဝန်ရှိသူရဲ့ ပြောပြချက်အရ အလင်းဝင်ရောက်လာသူ ကိုမင်းဟိန်းကျော်ဟာ ပဲခူး အင်းတကော် (၉၀၆) BE တပ်က ဖြစ်ပြီး စစ်ကောင်စီတပ်အတွင်း ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့လည်း သိရပါတယ်။

“သူက အမြဲတမ်းတပ်သားပါ။ စစ်မှုထမ်းခေါ်ခံထားရတာ မဟုတ်ဘူး။ ၆ ရက်နေ့ ညပိုင်း သူကင်းကျတဲ့အချိန် ထွက်ပြေးလာတယ်ပြောတယ်။ ကျနော်တို့တပ်တွေရှိတဲ့ ကင်းပွိုင့်တွေဘက်နား ၁ ယောက်တည်း ချဥ်းကပ်ပုန်းခိုနေရင်းကနေ မနက်အစောပိုင်းကျ သေနတ်ကျည်ဘောက်ဖြုတ်ပြီး ပွိုင့်ထဲကို ဝင်လာပါတယ်။ အဲ့မှာ ရဲဘော်တွေက သူ့ကိုကင်းပုန်းထဲကနေ စောင့်ကြည့်ပြီး အနားကပ်ခွင့်ပေးခဲ့တယ်။ ပြီးတော့မှ လက်နက်ဖြုတ်သိမ်း အလင်းဝင်ရောက်ခွင့်ပြုခဲ့တာပါ” လို့ နေပြည်တော် PDF (၉၀၁) တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အလင်းဝင်ရောက်လာသည့် ကိုမင်းဟိန်းကျော် နေပြည်တော် PDF တပ်ရင်း (၉၀၁) ထံ လက်နက်ပေးအပ်နေစဥ်

အလင်းဝင်ရောက်လာတဲ့ ကိုမင်းဟိန်းကျော်နဲ့အတူ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည်ဆံ (၁၁၂) တောင့်လည်း ပါဝင်ခဲ့ပြီး တပ်ရင်းအနေနဲ့ ဆုကြေးငွေ သိန်း ၃၀ ကျပ် ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

“ကိုမင်းဟိန်းကျော်က အရင်ကတည်းက တပ်သားဟောင်းပါ။ စကစအာဏာသိမ်းတော့ တပ်ကနေ ပြေးဖို့ သူကြိုးစားခဲ့သေးတယ်။ အဲ့မှာ ပြန်အဖမ်းခံရတာမျိုးတွေ ရှိခဲ့တယ်ပေါ့။ အခုတစ်ခေါက်ကျမှပဲ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ရောက်လာတဲ့အနေအထားပါ။ သူဆန္ဒကတော့ ကျနော်တို့ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်မယ်လို့ ပြောတယ်။ အဲ့အတွက် ကာလတစ်ခုမှာ တိုက်ပွဲဝင်နိုင်ရေးအတွက် သူ့ကိုလေ့ကျင့်ပေးနေကြပါတယ်” လို့ နေပြည်တော် PDF (၉၀၁) တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ နေပြည်တော် PDF တပ်ရင်းတွေရဲ့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားနှစ်ဦး သေနတ်ဒဏ်ရာများနဲ့ သေဆုံး

စမွတ်စခွန်မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသားနှစ်ဦးကို ရတ်ချဘူရီပြည်နယ်၊ စွမ်ဖန်ခရိုင်မှာ နိုဝင်ဘာလ ၁၄ ရက် ကြာသပတေးနေ့ အစောပိုင်းက သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်၏ ဈာပန

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ဖွဲ့၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်ရဲ့ စျာပနကို မနေ့က ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ DMO Local PDF က ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်မှာ စစ်မှုထမ်းစုဆောင်းနေတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ထောင်ကျဖူးသူ အုပ်ချုပ်ရေးမှူးကို ရှင်းလင်း

ပဲခူတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကွက်သစ်မှာ ကြမ်းဖက်စစ်ကောင်စီခန့် ဇီးပင်လှအုပ်စု အုပ်ချုပ်ရေးမှူး ကိုသန်း (ခ) ငသန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။ 
Read More

CDF-Asho ၏ အခြေခံစစ်ပညာသင်တန်းအတွင်း သင်တန်းသား ရဲဘော် ၁ ဦး ကျဆုံး

ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) ရဲ့ အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသားရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

KK Park မှ ထွက်ပြေးလာသူများကြောင့် မြဝတီမှ ဟိုတယ်များ လူပြည့်

ကရင်ပြည်နယ်၊ မြဝတီကို ရွှေကုက္ကိုလ်ကနေ ကျားဖြန့်လုပ်ကိုင်သူတွေ ထွက်ပြေးလာတာကြောင့် မြဝတီမြို့အတွင်းရှိ ဟိုတယ်အခန်းတွေ အကုန်လူပြည့်နေပြီလို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers – PDF (အညာဒေသ) တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံး…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers - PDF (အညာဒေသ)တပ်ဖွဲ့က ရဲဘော် ၁ ယောက်ဟာ စစ်ကူနဲ့ ရိက္ခာဖြတ်တောက်ရေးစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။