စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးနဲ့ နေပြည်တော်အနီးမှာ ရစ်ချက်တာစကေး ၅.၄ နဲ့ ၄.၂ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၈ ရက် ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီအချိန်ခန့်မှာ ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက် ၃၄ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၃၅ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၅.၄ အဆင့် အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့မှာပဲ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီ ၃၉ မိနစ်အချိန်ခန့်မှာလည်း နေပြည်တော်ရဲ့ မြောက်ဘက် ၃၉ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့ NUG ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းအဖြစ် ရောင်းစားခံရသူ ၁ဦး ပဲခူးခရိုင် အမှတ် (၂) တပ်ရင်းထံ လက်နက်နှင့် အလင်းဝင်၊ ၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်ခိုလှုံသူ ၃၅ ဦးအထိ ရှိလာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်မှုထမ်းတစ်ယောက် လက်နက်ခဲယမ်းတွေယူဆောင်ကာ အလင်းဝင်ရောက်လာပြီးတဲ့နောက် နှစ်ဝက်ကျော်အတွင်း ဘက်ပြောင်းခိုလှုံလာသူ ၃၅ ယောက်အထိ ရှိပြီဖြစ်ကြောင်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

ရေပြတ်လပ်မှုကြောင့် ဒိုက်ဦးအကျဉ်းထောင်က အကျဉ်းသူတွေ အရေပြားရောဂါခံစားနေရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေနဲ့ ချိုးရေ ပြတ်လပ်နေတာကြောင့် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မှာ အောက်တိုဘာလကစလို့ စစ်တပ်ကြောင့် သေဆုံးသူ ၁၉ယောက်အထိရှိလာပြီး နေအိမ် ၅၀၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အောက်တိုဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းဝင် သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁၉ ယောက်အထိ ​ရှိလာပြီး ကျေးရွာပေါင်း ၃၀ က အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရွာဇော်ကြီး တော်လှန်အသံ အဖွဲ့ထံက သိရပါတယ်။
Read More

Chinland အစိုးရတပ်ဖွဲ့ စစ်ကြောင်းများ အကြမ်းဖက်စစ်တပ် အင်အား ၅၀ ကျော်ကို ထပ်မံချေမှုန်း

Chinland အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁)၊ စစ်ကြောင်း (၂) နဲ့ အကြမ်းဖက်စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး တော်လှန်ရေးမဟာမိတ်အင်အားစုတွေက စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ထပ်မံချေမှုန်း သုတ်သင်နိုင်ခဲ့တယ်လို့ Chinland ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၈ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်မှာ စစ်ကိုင်းငလျင်နှင့် နွေဦးတော်လှန်ရေးအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများနှင့် ရဲဘော်များအတွက် ဆုတောင်းပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကိုင်းငလျင်နဲ့ နွေဦးတော်လှန်ရေးအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ရဲဘော်တွေအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။