စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၆ ရက်က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သင်္ဘောအုပ်စုထဲက သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှု ရှိနိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု(CSRAF) ဦးဆောင်မူနဲ့အတူ ယင်းမာပင်ခရိုင် အမှတ် ၁၇ တပ်ရင်း B21၊ ယင်းမာပင်ခရိုင် အမှတ် ၂၂ တပ်ရင်း KLG နဲ့ နယ်မြေခံ ပကဖ အဖွဲ့ တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမြို့ရှိ၊ Golden City Hotel အဆောက်အအုံအောက်ကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိ

စစ်ကိုင်း ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Golden City Hotel အဆောက်အအုံကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဒုတပ်ကြပ်တစ်ဦး KPLA ထံ လက်နက်နဲ့ အလင်းဝင်

မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ တပ်ရင်း ၉၄၂၅ (KPLA -B 9425) က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ PDF တပ်ဖွဲ့ဝင်များ လမ်းပိုင်း စစ်ဆေးရေးဆောင်ရွက်ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၂၃) တပ်ဖွဲ့ဝင်တွေက မတ်လ ၂၇ ရက် ဒီနေ့မှာ စစ်ဆေးရေးဆောင်ရွက်နေတဲ့ ပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။
Read More

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးကော်မရှင်ဟုဆိုပြီး ဖွဲ့စည်း

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ကို စတင်ဖွဲ့စည်းလိုက်တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း ၁၈ နှစ်အောက် ပြည်သူ (၂၈) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အသက် (၁၈) နှစ်အောက် အရပ်သားပြည်သူ (၂၈) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေဦးနဲ့ ဒီပဲယင်းက နှစ်ရှည်စစ်ရှောင်နဲ့ ပြည်သူများကို စားနပ်ရိက္ခာများ လှူဒါန်း (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အတွင်းက နှစ်ရှည်စစ်ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ရေဦးမြို့နယ်အခြေစိုက် PDC သတင်းပြန်ကြားရေးဌာနခွဲ၊ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့ နဲ့ ရွှေဘိုခရိုင် ပင်မ ပြန်ကြားရေးဌာနတပ်ခွဲ ရေခဲမြစ်ငယ်နွေအဖွဲ့တို့ ပူးပေါင်းပြီး စားနပ်ရိက္ခာတွေကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။