စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်ဓားပြတိုက်မှု ကျူးလွန်ခဲ့သူတွေကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီဖြစ်တာကြောင့် တရားစွဲဆိုနိုင်ရေးအတွက် မြို့နယ်ပလဖထံ လွှဲပြောင်းအပ်နှံထားကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ ဇူလိုင်လ ၁၃ရက် ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လှတောကျေးရွာ၊ နေအိမ်တစ်လုံးအတွင်း အိမ်ရှင်ဖြစ်သူကို ဓားနဲ့ ၃ချက်ဆင့်ထိုးသတ်ပြီး ပစ္စည်းတွေ ဓားပြတိုက်ယူဆောင်သွားမှုမှာ ကျူးလွန်ခဲ့တဲ့ လက်နက်ကိုင် ဓားပြ ၁၁ယောက်ကို အဲဒီနေ့ ညတွင်းချင်းပဲ ရပ်ကျေးပကဖနဲ့ ပအဖ အဖွဲ့ဝင်တွေက အသီးသီး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျူးလွန်သူတွေထဲ သခွတ္တောရွာ ပကဖအဖွဲ့ဝင် ၂ယောက်နဲ့ ကျီးကန်ရွာ ပကဖ ၂ယောက် ပါဝင်ပြီး အမျိုးသမီးငယ်တွေနဲ့ မိတ္ထီလာ ဒရုန်းတပ်ဖွဲ့ဝင် ၁ယောက်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၄ရက်နေ့ မနက်ပိုင်းမှာ ဥယျဉ်မကျေးရွာ ပကဖနဲ့ ပအဖ အဖွဲ့က ပူတူးမ၊ ဂျမ်းဂျမ်းနဲ့ ဘယ်လေး ဆိုသူ ၃ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဝက်လက်မြို့နယ် ပကဖတပ်ဖွဲ့ဝင်တွေနဲ့ ဒွန်တဲကုန်းပကဖတို့က သီဟ၊ မန်းလေး၊ ကြောင်နက်နဲ့ အောင်မျိုး ဆိုသူတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ကျောက်တိုင်ကျေးရွာ ပကဖနဲ့ ပအဖတို့က သခွတ္တောရွာ ပကဖအဖွဲ့ဝင် မှတ်ကြီးနဲ့ တွတ်ပီ တို့ကိုဖမ်းစီးရမိကာ ဒီပဲယင်းမြို့နယ် လက်လှုပ် တောင်ရွာ ပကဖက ပေါက်စနဲ့ လေပွေ (ကျီးကန် ပကဖ အဖွဲ့ဝင်) ဆိုသူတို့ကို အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံနဲ့ ရွှေဘိုခရိုင်တပ်ရင်း(၁) IOတို့က ဖမ်းဆီးရမိသူတွေကို စစ်ဆေးမေးမြန်းခဲ့ရာမှာ ဓားပြမှု ကျူးလွန်သူ ၂ယောက်ရဲ့ ဓါးနဲ့ ၃ချက်ဆင့်ထိုး သတ်မှုကြောင့် အိမ်ရှင်ကိုညောင်ပင်ကြီး နေရာတင် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် ဓားပြမှုကျူးလွန်ခဲ့သူများနှင့် သက်သေခံပစ္စည်းများ

ကျူးလွန်သူတွေနဲ့အတူ ဖုန်း (၁၃)လုံး၊ MA 1 တစ်လက်၊ AK 47 တစ်လက်၊ လက်လုပ်အတို (၃)လက်၊ 7.62ကျည် ၁၆ တောင့်၊ 5.56ကျည် ၁၅တောင့်၊ 9မမကျည် (၇)တောင့်၊ ဓါးအတို ၅ လက်၊ ကလစ်ဆိုင်ကယ် (၂)စီး၊ 125 ဆိုင်ကယ် (၂)စီး၊ ငွေသား စုစုပေါင်း ၉၆၅၀၀၀၀ (ကိုးဆယ့်ခြောက်သိန်းငါးသောင်း)ကျပ်၊ MAB Bank Card ၁ကဒ် အပြင် ဖုန်း Bill card ၁၀၀၀တန် ၃၅ကဒ်နဲ့ ဖုန်း Bill ၃၀၀၀တန် ၁ကဒ် ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဝက်လက်မြို့နယ် ပကဖက ထုတ်ပြန်ထားပါတယ်။

ကျူးလွန်သူတွေထဲ တရားဝင် ရပ်ကျေး ပကဖ အဖွဲ့ဝင် ၂ယောက် ပါဝင်နေတဲ့အတွက် ဝက်လက်မြို့နယ် ပကဖက အရေးယူနိုင်ဖို့ အဆင့်ဆင့်တင်ပြထားကြောင်းနဲ့ မိတ္ထီလာတပ်ရင်း ဒရုန်းအဖွဲ့ဝင် ၁ယောက်ကိုလည်း သက်ဆိုင်ရာ တပ်ရင်းထံအကြောင်းကြားထားကြောင်း၊ အရပ်သားပြည်သူ ၃ယောက်လည်းပါဝင်ပြီး အဖွဲ့အစည်း စိစစ်ဆဲ ၁ယောက်နဲ့ ကျန် ၄ယောက်ကတော့ အဖွဲ့စည်းမဲ့ တရားမဝင် လက်နက်ကိုင်ဆောင်သူတွေ ဖြစ်ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ရှိသူက ပြောပါတယ်။

“သူတို့တိုက်တာ ည ၁၂ လောက်ဆို ဖမ်းမိတာက မနက် ၅နာရီဝန်းကျင်လောက်ပါ။ နာရီပိုင်းအတွင်းပါပဲ။ သူတို့ဓားပြတိုက်ရင်းယူသွားတဲ့ ဖုန်းတွေရယ် ပိုက်ဆံရယ်နဲ့ ဘဏ်ကဒ်၊ ဖုန်းဘေကဒ်တွေပါ ပြန်ရပါတယ်။ သူတို့ကို ဝက်လက်မြို့နယ် ပြည်သူ့တရားရုံး၊ တရားရေးကနေ အရေးယူမှာပါ။ ” လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဆောင်ပြီးတာကြောင့် တရားစွဲဆိုနိုင်ရေးအတွက် ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်ထားတယ်လို့လည်းသိရပါတယ်။

“လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်မယ်ဆိုကတည်း ဒီလမ်းစဥ်ရဲ့ ဘေးထွက်ဆိုးကျိုးရှိမယ်ဆိုတာ သမိုင်းမှတ်တမ်းတွေအရ ကြိုတင်ခန့်မှန်းပြီးသားပါ။ ဒါပေမယ့် ဒီလိုတွေမဖြစ်အောင် လက်နက်ချည်းကိုင်နေပြီး စစ်ချည်းပဲတိုက်နေလို့မရပါဘူး။ တစ်ဖက်က စာအုပ် တစ်ဖက်က သေနတ်။ ဒီလိုမှ လိုချင်တဲ့ပန်းတိုင် ရောက်ရှိမှာပါ။” လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကိုဗစ်ချေးငွေပြန်မဆပ်သည့် လုပ်ငန်းများကို သတင်းစာမှာ အမည်နှင့်တကွ ကြေညာမည် ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကိုဗစ် ချေးငွေတွေကို လက်ရှိအချိန်အထိ ပြန်မဆပ်နိုင်သေးတဲ့ လုပ်ငန်းတွေကို သတင်းစာတွေကတဆင့် ထည့်သွင်းကြေညာတော့မယ်လို့ စစ်ကောင်စီက စီးပွားရေး လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာကျေးရွာတွေက ပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ပင်သာရွာက ဒေသခံ ၃ယောက် လယ်ကွင်းထဲမှာ မိုးကြိုးပစ်ခံရပြီး ၁ ယောက် သေဆုံး

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ညောင်ပင်သာရွာက လယ်သမား ၃ယောက် လယ်ကွင်းထဲအသွားမှာ မိုးကြိုးပစ်ခံရတာကြောင့် အမျိုးသားတစ်ယောက် သေဆုံးပြီး ကျန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကတော့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
Read More

မြိတ် – ထားဝယ်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး ရုံးလုပ်ငန်းနဲ့ မှူခင်းအထူးသင်တန်း ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ မြိတ် - ထားဝယ်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး ရုံးလုပ်ငန်းနဲ့ မှူခင်းအထူးသင်တန်း ပြုလုပ်ခဲ့တယ်လို့ KYO မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။
Read More

အမ်း (နပခ) စစ်ဌာနချုပ်နဲ့ အမ်းမြိုသိမ်းတိုက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပကဖ ရဲဘော်တွေကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပ၊ အမ်း တိုက်ပွဲများအတွင်း စစ်ကိုင်း ပကဖမှ ရဲဘော် ၁၅ ဦး ကျဆုံးခဲ့

အာရက္ခတပ်တော်(AA) နဲ့အတူ ရခိုင်ပြည်နယ် အမ်း (နပခ) စစ်ဌာနချုပ်နဲ့ အမ်း မြို့သိမ်းတိုက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်တွေကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

သုံးရက်တာအတွင်း ပဲခူးက မြို့လေးမြို့မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၇ ယောက် သေ

ပဲခူးတိုင်း မြို့နယ် ၄ ခုက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အသိပေးထုတ်ပြန်ပါတယ်။