ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ကမ်ပိန်းကာလကို ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၃၁ ရက်အထိ သတ်မှတ်ထားပြီး အမေရိကန်ဒေါ်လာ ၄ သိန်း ရရှိဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

မြေပြင်မှာ ကျောင်းပေါင်း ၆၀၀၀ နဲ့ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူပေါင်း ၉ သိန်းကျော်ရဲ့ ဘေးကင်းလုံခြုံစွာ စာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဒေါက်တာ ဇော်ဝေစိုးဟာ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာခဲ့တဲ့ ၄ လအတွင်း ခရီးမိုင်ပေါင်း ၂၈၀၀ သွားရောက်ကာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ လွတ်မြောက်ဒေသက ကျောင်းတွေ ဆေးရုံတွေ ဆီကို သွားရောက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Video – Ministry of Education, National Unity Government of Myanmar

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံရအပြီး လုပ်သားထောင်ချီ နေရပ်ပြန် (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ တိုက်ပွဲများ ပြင်းထန်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံလာရခြင်းနဲ့အတူ ထောင်ချီတဲ့ ကမ္ဘောဒီးယားလုပ်သားတွေဟာ နေရပ်ပြန်လျက်ရှိပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်သားသစ်များကို သင်တန်ပေးနေသည့်စခန်းအား လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ တပ်သားသစ်တွေကို သင်တန်းပေးနေတဲ့ စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခန်းမြို့မြောက်ဘက်မှာ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရ၊ ဒုဗိုလ်ကြီး ၁ ယောက်အပါ စစ်သား ၁၀ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခန်းမြို့မှာ ရေစကြိုမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ဒုဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အများအပြား ဒဏ်ရာရရှိသွားပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF ထံက သိရပါတယ်။
Read More

အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်း၏ အခြေခံစစ်ပညာ အပတ်စဉ် (၉) သင်တန်းဆင်းပွဲ (ရုပ်/သံ)

အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၉) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က မှတ်တမ်းရုပ်သံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဘီးလင်းမြို့နယ် အလူးလေးနှင့် သပြေနီကျေးရွာအကြား စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးနဲ့ သပြေနီကျေးရွာအကြား ဧပြီ ၂၁ ရက်က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၆ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နဂါးဖြူတပ်ရင်းထံက သိရပါတယ်။
Read More

တော်လှန်ရေးမှာပါဝင်သူတိုင်းတော့ လက်နက်ကိုင်ပြီး PDF အနေနဲ့ တာဝန်မထမ်းဆောင်နိုင်ပါဘူး။ ဒါပေမယ့် • လူတိုင်း PRF ဖြစ်နိုင်ပါတယ်။

တော်လှန်ရေးမှာပါဝင်သူတိုင်းတော့ လက်နက်ကိုင်ပြီး PDF အနေနဲ့ တာဝန်မထမ်းဆောင်နိုင်ပါဘူး။ ဒါပေမယ့် • လူတိုင်း PRF ဖြစ်နိုင်ပါတယ်။