စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သူတွေကို ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့မှုနဲ့ ဖမ်းဆီးထားတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် (LDF) တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းတာဝန်ပေးအပ်တဲ့ စစ်ခုံရုံးက ဇူလိုင် ၁၀ ရက်မှာ အခုလို အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

ကက်သလစ် ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်အမှုမှာ စွပ်စွဲခံရသူ LDF ခေါင်းဆောင် တိုက်ကော (ခ) ဝင်းဇော်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ်(၂၀)ချမှတ်ခဲ့ပြီး ငနေ (ခ) နိုင်းနိုင်း၊ တံခွန် (ခ) မိုးယံမြင့်မြတ်၊ တက်လူ (ခ) နိုင်ဝင်းစည်သူ၊ မိုးကြိုး (ခ) အောင်မျိုးဟိန်း၊ R6 (ခ) အောင်ဇင်မြတ်၊ စနေ (ခ) ဂျွန်ကိုထွန်း၊ ကျားကြီး (ခ) ရင်ထူးကျော်တို့ (၇) ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) / ၁၁၄ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ်(၂၀)ချမှတ်ခဲ့ကာ သက်ဆိုင်ရာအကျဥ်းထောင်တွေမှာ ထိန်းသိမ်းထားရှိသွားမယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာမှာ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဘုန်းတော်ကြီး Father Donald Martin (ခ) ရဲနိုင်ဝင်းကို တအုံကျေးရွာ ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင် အပါအဝင် LDF ၈ ယောက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၄)ရက်က သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၄၄ နှစ်အရွယ်၊ ဝါတော် ၇ နှစ်ရှိတဲ့ ဖာသာဒေါ်နယ်မာတင်ဟာ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန်ကို ထမ်းဆောင်နေတာ ၂ နှစ်နီးပါးရှိတဲ့ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကြံ့ခိုင်ရေးကို မဲပေးပါက စစ်မှုထမ်းကမ်းလွတ်ခွင့်ရမည်ဟု မဲဆွယ်သည့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ကွေ့ချောင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဟာ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်လို့ မဲဆွယ်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ၊ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဒိုက်ဦးထောင်မှာ အာဏာပြ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသူများ ၂ ပတ်ပြည့်သည်အထိ အမျိုးသမီးဆောင် ပြန်မရောက်သေး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အသစ်ပြောင်းရွှေ့လာတဲ့ ဦးစီးမှူးဆိုသူက နိုင်ကျဥ်းအမျိုးသမီးတွေကို အာဏာပြတိုက်ပိတ်ထားကြောင်းနဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ဆေးဝါးတွေသေချာမပေးကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ တာဝန်ရှိသူ မဇူးဇူးမေယွန်းက မောင်းကို ပြောပါတယ်။
Read More

မြောင်းမြထောင်တွင် အာဏာပိုင်များ ငွေကြေးတောင်းခံခြင်းနှင့် အကြမ်းဖက် ရိုက်နှက်မှုများ လုပ်ဆောင်နေ

ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အိပ်ဆောင်အတွင်း အကြောင်းပြချက်မရှိ ငွေကြေးတောင်းယူကာ အခန်းလူကြီးတွေကို ခွဲခြမ်းပေးခြင်းဖြင့် အနိုင်ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

NUG က ငလျင်ဒဏ်သင့် စိုးမိုးနယ်မြေများတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေ၊ ငလျင်ဒဏ်သင့်ဒေသများကို နိုင်ငံတကာ ကူညီပေးဖို့ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတဝန်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။
Read More

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကို ကြိုဆိုကြောင်းနဲ့ ကျူးလွန်ပတ်သက်သူတွေကို အမြန်ဆုံးဖမ်းဆီးမိန့်ထုတ်ပြန်ဖို့ Defend Myanmar Democracy အဖွဲ့တောင်းဆို

အာဂျင်တီးနား ဖက်ဒရယ် ရာဇဝတ်တရားရုံးက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့  အာဏာသိမ်းစစ်ခေါင်းဆောင် အပါအ၀င်  ၂၅ဦးကို  ဖမ်းဆီးမိန့်ထုတ်ပြန်နိုင်ရေး အမြန်ဆုံးလုပ်ဆောင်ဖို့  Defend Myanmar Democracyအဖွဲ့က ဒီနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။