မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်နေတဲ့ နေအိမ်ကို မီးငြှိမ်းသတ်ရင်း စစ်ကောင်စီတပ်က လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့ရာ ပကဖ ရဲဘော် ဇနီးမောင်နှံအပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ထံက သိရပါတယ်။

ဇူလိုင်လ (၁၅) ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၅၈ က ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာကို ၈၀ မမ (၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး တစ်လုံးက ကမ္ဘဲ့ ကျေးရွာရှိ ပြည်သူ့နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ နေအိမ်ကို ရေစကြိုပကဖ တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ဖို့ သွားရောက်ချိန် စစ်ကောင်စီက လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့တာကြောင့် ပကဖ အဖွဲ့ဝင်ဖြစ်တဲ့ ရဲဘော်ကောက်ကြီး (ခ) မောင်ရန်နိုင် (၂၀) နှစ်၊ ဇနီးဖြစ်သူ မသဇင်ဝေ (၂၄) နှစ်၊ CDM ကျောင်းဆရာမ မနွေဦးမေ (၃၂) နှစ် ၊ မောင်ရှင်းလင်းကို (၁၇) နှစ်တို့ ထိမှန်သေဆုံးခဲ့ပြီး ဒေသခံ ၄ ယောက်လည်း ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျဆုံးရဲဘော် ကောက်ကြီး (ခ) မောင်ရန်နိုင်

“ရဲဘော်တွေ မီးငြှိမ်းသတ်ဖို့လုပ်နေတဲ့နေရာကို နောက်ထပ် ၈၀ တစ်လုံးထပ်ကျသွားတာပေါ့နော်။ အဲ့အချိန်မှာ ကျနော်တို့ရဲဘော်တစ်ဦးရယ်၊ သူ့ရဲ့ဇနီးရယ်၊ CDMကျောင်းဆရာမ မနွေဦးမေကတော့ နေရာမှာတင် ကျဆုံးသွားပြီးတော့ ကျနော်တို့ရဲဘော်နဲ့ သူ့ရဲ့ဇနီးရယ်၊ ရွာထဲက လူငယ်တစ်ယောက်ရယ်ကတော့ ဆေးကုသမှုပေးနေရင်းနဲ့ ၁၆ ရက်နေ့ မနက် ၄ နာရီလောက်မှာ အသက်ဆုံးရှုံးသွားတယ်” လို့ ရေစကြိုမြို့နယ် ပကဖတပ်ဖွဲ့ဝင်က မောင်းကိုပြောပါတယ်။

ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်နဲ့ သူ့ရဲ့ ဇနီးဖြစ်သူကိုတော့ ဇူလိုင်လ ၁၆ရက် နေ့လယ်ပိုင်းမှာ စစ်ဓလေ့ထုံးစံနဲ့အညီ မီးသဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကမ္ဘဲ့ကျေးရွာက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့လည်း ကျေးရွာထဲမှာသာ ဆက်လက်နေထိုင်နေကြတယ်လို့ သိရပါတယ်။ ကမ္ဘဲ့ကျေးရွာကို အရင်ကလည်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်တာမျိုးရှိသလို လက်နက်ကြီးတွေ ပစ်ခတ်တာမျိုးလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည် ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း Suu Foundation သတင်းထုတ်ပြန်၊ လုံလောက်တဲ့ ဆေးကုသပေးမှုရှိမရှိ မသိရ

ပြီးခဲ့တဲ့ မတ်လ (၂၈) ရက်မှာ ဖြစ်ပွားခဲ့တဲ့ အင်အား (၇.၇) အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် အကျဉ်းထောင်အဆောက်အအုံ ပျက်စီးခဲ့မှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဖက်လက်မောင်း ဒဏ်ရာရရှိခဲ့တယ်လို့ Suu Foundation က ဇွန်လ ၁၉ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းမြို့အနီး ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ဧပြီလ ၁၉ ရက် ဒီနေ့ မနက် ၇နာရီ ၅၀ မိနစ်အချိန်မှာ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃၄ ဦးအထိ သေဆုံးမှု ရှိ

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၃၄ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု ပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အသက်ဆုံးရှုံးနေတဲ့အပေါ် “ STOP THE JUNTAS WAR ON THE CHILDREN OF MYANMAR - ဒို့ကလေး တွေကို သတ်ဖြတ် နေတဲ့ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံး ရပ်” ဆိုတဲ့ စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း အရပ်သားများကို ပစ်မှတ်ထားသော မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် အရေးပေါ်တုံ့ပြန်မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ကျုံပျော်မှာ စစ်တပ်ရိက္ခာပို့ဖို့ ကားငှါးရမ်းခ ကုန်ကျငွေကို ပြည်သူဆီက ကောက်ခံ

စစ်ကောင်စီဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်ကို စစ်တပ်ရိက္ခာပို့ဆောင်ဖို့ ကုန်ကားငှါးရမ်းခဆိုပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့နေ ပြည်သူတွေထံက ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။