ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဆီ အင်အားအလုံးရင်းနဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတွေအပါ အယောက် ၄၀ နီးပါးကျဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားကြောင်း နေပြည်တော်တိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်း (ရေတာရှည်) စစ်ဆင်ရေးတာဝန်ရှိသူ ဗိုလ်ဇင်ယော်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းက စစ်တောင်းမြစ်အနောက်ဘက်ကမ်းကနေ အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကရင်ချောင်းတံတား (ကျွဲရိုင်းပြင်)ကို ဖြတ်ရင်း မြစ်အရှေ့ဘက်ကမ်း ပိန္ဒဲပင် ကျေးရွာဆီ စစ်ကြောင်း ၃ ခု ဖြန့် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တောင်ငူ၊ ဆွာနဲ့ ရေတာရှည်အခြေစိုက် ခလရတပ်ရင်းတွေက အင်အား ၂၀၀ ခန့်ပါတဲ့ အထက်ပါအကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေခုခံတိုက်ခိုက်ရင်း မနက် ၈ နာရီအချိန်က စလို့ နေ့လယ် ၁ နာရီအထိ အပြန်အလှန် ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တစ်နေ့လုံးနီးပါး ထိတွေ့တိုက်ပွဲငယ်တွေပါ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ကာဆုတ်ဆုတ်ရင်း စစ်တောင်းမြစ်အနောက်ဘက်ကိုစစ်ကြောင်းလိုက် ပြန်ဆုတ်ခွါသွားခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်း (ရေတာရှည်) စစ်ဆင်ရေးတာဝန်ရှိသူ ဗိုလ်ဇင်ယော်က ပြောပါတယ်။

“၇ ရက်နေ့က စစ်ကြောင်း ၃ ကြောင်း ဖြန့်တက်လာတာမှာ ၂ ကြောင်းနဲ့ ထိတွေ့မှုဖြစ်တယ်။ တကယ်တမ်း သူတို့ အင်အား ဖြန့်သုံးထားတာ ၅၀၀ လောက် ရှိတယ်။ ဒါပေမယ့် တကယ်တမ်းထိုးတော့ အင်အား ၂၀၀ လောက်နဲ့ပေါ့။ ပိန္ဒဲပင်ရွာဘက်ကို ပစ်ထိုးထိုးပြီးဝင်လာတာပေါ့။ အင်တောတွေ၊ လျှုတွေကွယ်ပြီး တက်လာတာပါ။ ကျနော်တို့က သူတို့ပစ်ဝင်လာတာကို ၃ ခါလောက်စောင့်ပြီးမှ တွန်းတိုက်ခဲ့တာပါ။ သူတို့ဘက်က လက်နက်ကြီး ၁၂၀ မမ တွေ တောက်လျှောက်သုံးခဲ့တယ်။ ကျနော်တို့က ခုခံရင်းတန်ပြန်ထိုးစစ်ဆင်ခဲ့တာပါ” လို့ ဗိုလ်ဇင်ယော်က ပြောပါတယ်။

အဲ့ဒီနေ့ စစ်ကြောင်းထိုးဝင်ရောက်မှုမတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လ ၄ရက်နေ့ကလည်း စစ်တောင်းမြစ်ဝှမ်းအရှေ့ဘက်မှာရှိတဲ့ ရေလွဲကျေးရွာကို စစ်ကောင်စီတပ်တွေက သာလွန်အင်အားနဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့လိုမျိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တပ်ရင်းအမှတ် (၈၀၁၊ ၈၀၂၊ ၈၀၃၊ ၈၀၄၊၈၀၅၊ ၈၀၆၊ ၈၀၇၊ ၈၀၈၊ ၉၀၁) နဲ့ တပ်ရင်း (၃၅၀၄) စတဲ့ နေပြည်တော်တပ်ရင်းတွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာတော့ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံး ​ကရင်ချောင်းကျေးရွာအထိ ဆုတ်ခွာခဲ့ရပြီး ဇူလိုင်လ ၇ ရက်နေ့မှာတော့ အင်အားပြန်လည်ဖြည့်တင်းရင်း ဆက်လက်ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ် ၄ ယောက်အပါ စစ်သားအင်အား ၄၀နီးပါး​သေဆုံးပြီး အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတော့ အထိအခိုက်မရှိခဲ့ကြောင်း သိရပါတယ်။

“စစ်ကြောင်း ၃ ခုမှာ ၁ ကြောင်းက နောက်ကနေ ကာပစ်ပေးတယ်။ ​ထိခိုက်သေဆုံးမှုများခဲ့တာလည်း ကျနော်တို့ဆီ တက်လာတဲ့ ရှေ့စစ်ကြောင်း ၂ ခုပါ။ သူတို့ဘက် ထိခိုက်သေဆုံးများပြီး အရေးပေါ်ကားတွေ၊ စစ်သုံးကားကြီးတွေပေါ် အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ထိုးတင်ပြီး ကရင်ချောင်းတံတားအတိုင်း တောင်ငူဘက်ကို ပြန်ဆုတ်သွားပါတယ်။ တောင်ငူနဲ့ နေပြည်တော်ဆေးရုံတွေဆီ ပို့တယ်လို့ သိရတယ်။ သူတို့က ခြေလျင်တပ်ရင်းတွေဆိုတော့ မိခင်တပ်ရင်းတွေအထိ ပြန်ဆုတ်ပါတယ်။ ကာဆုတ်ဆုတ်တာဆိုတော့ ၃ ရက်လောက်ကြာမှ အလုံးစုံသူတို့ပြန်ဆုတ်သွားတာပါ” လို့ နေပြည်တော်တိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်း(ရေတာရှည်) စစ်ဆင်ရေးတာဝန်ရှိသူ ဗိုလ်ဇင်ယော်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတဲ့ နေရာတွေကို သွားရောက်ရှင်းလင်းရင်း ဗုံးသီးအကြွင်းအကျန်နဲ့ မိုင်းတွေကို အရပ်သားတွေထိခိုက်မှုမရှိစေနိုင်ဖို့ ပြန်လည်ရှင်းလင်းပေးခဲ့ရကြောင်းနဲ့ နယ်မြေတွေထိန်းသိမ်းထားကြောင်း Nay Pyi Taw PDF က ထုတ်ပြန်ပါတယ်။

ဒီတန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကို စစ်ဆင်ရေးနယ်မြေအမှတ်-(၂)လက်အောက်ရှိ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း (၈၀၁၊ ၈၀၂၊ ၈၀၃၊ ၈၀၄၊၈၀၅၊ ၈၀၆၊ ၈၀၇၊ ၈၀၈၊ ၉၀၁)နဲ့ တပ်ရင်း (၃၅၀၄) တပ်ရင်းနဲ့ NSA31တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် နေပြည်တော် PDF တပ်ရင်းတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ နေပြည်တော်တိုင်းစစ်ဌာန)

0 Shares:
You May Also Like
Read More

မုံရွာမြို့၊ နဝရတ်ရွှေဆိုင် ဓားပြမှုမှာ ကျူးလွန်ခဲ့သူတွေထဲက ၃ ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထား

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နဝရတ်ရွှေဆိုင် ဓားပြမှုနဲ့ ပတ်သက်လို့ ပါဝင်ကျူးလွန်သူ ၃ယောက်ကို ကနဦးဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ စွန့်ခွာကြဖို့ အရပ်သားတွေကို ပအဖ အသိပေး

၂၀၂၅ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ အရပ်သားတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်ဖို့ ထီးလင်းမြို့နယ် ပအဖ က သတိပေးစာတစ်ခုကို မနေ့က ဒီဇင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဥ် (၃) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အပတ်စဥ် (၃) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကိုင်းတိုင်းတစ်ခုတည်းမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်တာအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းတစ်ခုထဲမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ Data For Myanmar ရဲ့  မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြပါတယ်။
Read More

ထီးလင်းမှာ စစ်ကောင်စီက ကျားခဲရွာသား ၄ ယောက်ကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ပြီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်…

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ​က ကျားခဲရွာကို ဝင်ရောက်စီးနင်းပြီး ရွာသား ၄ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ ဓားစာခံ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့အတူ ရုရှားစစ်ရေယာဉ်တွေ လာရောက်ပူးတွဲလေ့ကျင့်

စစ်ကောင်စီကို အားပေးကူညီထောက်ခံမှုတွေ ပြုလုပ်နေတဲ့ ရုရှားကနေ စစ်ရေးလေ့ကျင့်ဖို့အတွက် စစ်ရေယာဉ်လေးစင်း ရောက်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။