ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့ဟောင်းထဲက ချန်းဖူအာ (Chang Phueak) မြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ “Memories Of Chiang Mai” မြန်မာစားသောက်ဆိုင်ဈေးတန်းကို ထိုင်းရဲတပ်ဖွဲ့တွေ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင် ၃ ယောက်နဲ့ အလုပ်သမား ၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေနဲ့ ချင်းမိုင်ခရိုင်၊ ချန်းဖူအာ ရဲစခန်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံ ထိုင်းနိုင်ငံသားတွေရဲ့ သတင်းပေးပို့မှုကြောင့် ဇူလိုင် ၁၆ ရက် မနေ့က ညနေပိုင်းမှာ “Memories Of Chiang Mai” ကိုဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး၊ အဆိုပါဈေးတန်းမှာ ခွင့်ပြုချက်မရှိဘဲ ဆိုင်ဖွင့်လှစ်ထားတဲ့ ဆိုင်ရှင် ၃ ယောက်နဲ့ အလုပ်သမား ၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းများက ဆိုတာပါ။

လုပ်ကိုင်ခွင့်လိုင်စင် စစ်ဆေးရာမှာ အလုပ်ရှင် ၃ ယောက်ဟာ နိုင်ငံခြားသားတွေကို ခွင့်ပြုချက်မရှိဘဲ အလုပ်ခန့်ထားတာ ဒါမှမဟုတ် ၁၅ ရက်ထက်ကျော်လွန်ပြီး အခြေအနေပြောင်းလဲမှုကို မတင်ပြတာ စတာတွေကို ကျူးလွန်ခဲ့တာဖြစ်ပြီး၊ အလုပ်သမား ၃ ယောက်ကတော့ အလုပ်လုပ်ကိုင်ခွင့်လိုင်စင် မရှိဘဲ အလုပ်လုပ်တာ ဒါမှမဟုတ် ခွင့်ပြုထားတဲ့အလုပ်ကလွဲလို့ အခြားအလုပ်တွေ လုပ်ကိုင်တာကို တွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို ထိုင်းရဲတပ်ဖွဲ့က ချန်းဖူအာ (Chang Phueak)ရဲစခန်းမှာ ထိုင်းဥပဒေတွေနဲ့ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Memories Of Chiang Mai ဈေးတန်းမှာ ရောင်းဝယ် စားသုံးသူအားလုံးနီးပါးက မြန်မာလူမျိုးတွေဖြစ်ပြီး မြန်မာ အစားအသောက်နဲ့ ကုန်ပစ္စည်းတွေကို အဓိက ရောင်းချနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒုအထွေထွေအတွင်းရေးမှူး တွေ့ဆုံ၊ ဥရောပသမဂ္ဂက မြန်မာပြည်သူများနှင့် တသားတည်းရှိကြောင်း ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒု-အထွေထွေအတွင်းရေးမှူး H.E. Olof Skoog ကို စက်တင်ဘာလ (၁) ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

TPS ရုပ်သိမ်းမှု အမေရိကန်ရောက် မြန်မာ ၄,၀၀၀ နီးပါးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိ၊ လုံခြုံရေးအခြေအနေအပေါ် မှားယွင်းစွာ အကဲဖြတ်ခြင်းဟုဆိုကာ HRW ပြင်းပြင်းထန်ထန် ကန့်ကွက်

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ယာယီ ကာကွယ်ပေးထားတဲ့ အခြေအနေ (TPS) ကို ရုပ်သိမ်းလိုက်ကြောင်း မနေ့က နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာလာခဲ့ပါတယ်။
Read More

မြဝတီမှာ လူကုန်ကူးခံရသူ ၁၁၀ ယောက်ကို ကယ်ပေးဖို့ အရပ်ဘက်အဖွဲ့တွေ ထိုင်းဝန်ကြီးချုပ်ကို အကူအညီတောင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်း မှောင်ခိုရောင်းဝယ်ခဲ့ကြောင်း ဂျပန်ယာကူဇာခေါင်းဆောင် ဝန်ခံ

မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်းတွေ မှောင်ခိုရောင်းဝယ်မှုနဲ့ အမေရိကန်အာဏာပိုင်တွေက စွဲချက်တင်ထားတဲ့ ဂျပန်ယာကူဇာဂိုဏ်း ခေါင်းဆောင်က သူ့မှာ အပြစ်ရှိကြောင်း ဇန်နဝါရီလ ၈ရက် ဗုဒ္ဓဟူးနေ့က ဝန်ခံခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ 
Read More

မြန်မာစစ်ပွဲအပေါ်  နိုင်ငံတကာရဲ့တုံ့ပြန်မှု ‘အလုပ်ဖြစ်မနေဘူး’ လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြော

မြန်မာ့ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်တာ ရှင်းလင်းနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီကို ငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။