ဇူလိုင်လ (၁၆)ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO DAY) ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဆိုပါ အခမ်းအနားကို KNU ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေ၊ ကရင်အမျိုးသားအစည်းအရုံး (ဗဟို) အလုပ်အမှုဆောင်ကော်မတီဝင် တစ်ဖြစ်လဲ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနမှူး ပဒိုစောလောအယ်မူး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး စောလာဒိုထူးနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဌာနချုပ် ဒုဗိုလ်မှူးကြီး စောလေးဒိုမူး တို့ တက်ရောက်ကာ ဂုဏ်ပြုအားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို KNDO တပ်ပိုင်းဆိုင်ရာ တာဝန်ရှိခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေ၊ ဌာနဆိုင်ရာ ခေါင်းဆောင်တွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ပြည်သူလူထု စုစုပေါင်း လူဦးရေ (၄၀၀) ကျော် တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာတော့ (၇၈)ကြိမ်မြောက်‌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ဆီ ပေးပို့တဲ့ သဝဏ်လွှာတွေ ဖတ်ကြားခြင်း၊ မာနယ်ပလောဒေသရရှိရေး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ KNDO တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ထူးချွန်ရဲဘော်တွေကို ရာထူးတိုးခန့်အပ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

KNDO စစ်ဌာနချုပ်မှာ ကျင်းပတဲ့ (၇၈)နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားပုံရိပ်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ရန်ကုန်မှာ ငလျင်ကြောင့် ဘဏ်နှင့် ပုဂ္ဂလိကလုပ်ငန်းများ နေ့တစ်ဝက်ရပ်နား၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအများစု ပြတ်တောက်နေ

ကြီးမားတဲ့ ငလျင်လှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နိုင်တာကြောင့် ရန်ကုန်က  စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေကို နေ့တစ်ဝက် ရုံးပိတ်ကာ ဝန်ထမ်းတွေကို ပြန်ခွင့်ပြုနေတယ်လို့ သိရပါတယ်။
Read More

ကရင်နီပြည် ရေဘေးသင့်ပြည်သူတွေကို Loikaw Local PDF က စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ကူညီ

Loikaw Local PDF ဟာ စက်တင်ဘာ ၁၆ ရက်က စလို့ ပြည်သူတွေဆီက ၅ ရက်တာ အလှူငွေ ကောက်ခံခဲ့ရာ ကျပ်သိန်း ၄၀ ရရှိခဲ့ပြီး ရေဘေးဒဏ်ခံစားနေရတဲ့ ကျေးရွာက အိမ်ထောင်စု ၁၀၂ စု စာကို ထောက်ံပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

PLA ထိန်းသိမ်းထားသည့် ဆင် ၁၃၈ ကောင်ထဲက အကောင် ၆၀ ကို TNLA လွှဲပြောင်းတာဝန်ယူ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှာ ဆင်အကောင်ရေ ၁၃၈ ကောင်နဲ့အတူ ဆင်ဦးစီးမိသားစုဝင်တွေကို ထိန်းသိမ်းထားရှိရာကနေ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထံ ဆင်အကောင် ၆၀ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်း မူးမြစ်တစ်လျှောက် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် ဒီပဲယင်းမြို့နယ် ပအဖ လုပ်ဆောင်နေ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေအတွက် အရေးကြီးတဲ့ မူးမြစ် တစ်လျှောက် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆည်မြောင်းဌာန၊ စိုက်ပျိုးရေးဌာနတို့နဲ့ ဒေသတွင်းရှိတောင်သူတွေ ပူးပေါင်းပြီး ရေလမ်းရှင်း အမှိုက်ဆည်ယူခြင်း၊ ခြုံနွယ်တွေ ရှင်းလင်းခြင်း စတဲ့လုပ်ငန်းတွေကို အခုနှစ် ဇူလိုင်လ စိုက်ပျိုးချိန်အမီ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

NUG ရဲ့ စစ်ရေးဗျူဟာတွေကို အလေးထား လိုက်နာဖော်ဆောင်ဖို့ ယော PDF တပ်ဖွဲ့ဝင်တွေကို မှာကြား

အမျိုးသားညီညွတ်‌ရေးအစိုးရရဲ့ မူဝါဒတွေကို လိုက်နာပြီး စစ်ရေးအရ တိကျသေချာစွာ ဖော်ဆောင်နိုင်ဖို့ အရေးကြီး တယ်လို့ ယော ဗျူဟာ (၈၁)ရဲဘော်တွေကို ခရိုင်ကွပ်ကဲရေးမှူးက မှာကြားခဲ့ကြောင်း (၈၁) ယောဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။
Read More

မုံလှရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်မှ အများအပြား သေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။