မကွေးတိုင်း၊ ပခုက္ကူမြို့နယ် လေယာဉ်ကွင်းမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ Yesagyo Revolution Group -2 က  သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၅ ရက် ညနေပိုင်းက ပခုက္ကူမြို့ လေယာဉ်ကွင်းအနောက်ဘက်မှာ ကင်းပတ်နေတဲ့ စစ် ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခလရ ၂၅၄ တပ်က အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်းက သုံးဘီးအစိမ်းရောင်ယာဉ်နဲ့ ပခုက္ကူမြို့သို့ သယ်ဆောင်သွားကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Southern Yesagyo Local တပ်ပေါင်းစု၊ Yesagyo Revolution Group (YRG)၊ Southern YSO PDF၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF နဲ့ King Cobra အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Yesagyo Revolution Group -2

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတွေများကို ပစ်မှတ်ထားတိုက်ခိုက် ဖျက်ဆီးနေ (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးနေရတယ်လို့  ပြည်သူ့ ညီနောင် - စလင်းက ဒီနေ့သတင်း ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တိုက်ခိုက်ခံရပြီးနောက် ကျောင်းဝင်းတစ်ခုလုံး လော့ဒေါင်းချကာ သတင်းပေးလျှင် ထောင်ချမည်ဟု ခြိမ်းခြောက်ထား (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်‌ရေးကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် စစ်တပ်က ကျောင်းဝင်းတစ်ခုလုံးကို လော့ဒေါင်းချကာ သတင်းပေးတဲ့လူ ဘယ်သူမဆို ထောင်ချမယ်လို့ ခြိမ်းခြောက်ထားကြောင်း Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော်ကို KNU မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်း ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော် ထိုင်းဘတ် ၃၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU-Hpa-An Districtမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နမခ စစ်ယာဉ်တန်း လုံခြုံရေးယူထားသည့် စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက်ကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း။ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လုံခြုံ ရေးယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်ပြန်လာသည့် မိုးညှင်း K-PDF ရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ မိုးညှင်း K-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြုနေတဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မိုးညှင်းမြို့နယ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာကနေ အင်အားအလုံးအရင်းနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တောလမ်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။