စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၄ ယောက်ကို ဇူလိုင်လ ၁၁ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

PLA ပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်းတွေကတော့ တပ်သား ရဲကျော်ကျော် (မိခင်တပ်ရင်း – ခမရ ၃၆)၊ တပ်သား နေထက်လင်း (မိခင်တပ်ရင်း – ခမရ ၂၅၅) ၊ ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော် (မိခင်တပ်ရင်း – ကျေးသီးမြို့ရဲစခန်း၊ ရှမ်းတောင်) နဲ့ တပ်သား ထွန်းမြေ့အေး (မိခင်တပ်ရင်း – ခလရ ၅၀) တို့ ဖြစ်ပြီး တပ်သား စိုးတာဆိုသူကတော့ ဖမ်းဆီးခံထားရချိန် ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်သုံ့ပန်းတွေထဲက တပ်သားနေထက်လင်းဟာ အသက် ၁၅ နှစ်သာ ရှိသေးပြီး ရန်ကုန်မှာ အကင်ရောင်းနေချိန် စစ်တပ်က အတင်းအဓမ္မဖမ်းဆီးကာ တပ်ထဲထည့်ခဲ့တယ်လို့ ထွက်ဆိုထားပြီး စစ်ကောင်စီဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကိုတောင် ပေါ်တာဆွဲကာ လူအင်အားဖြည့်တင်းနေတယ်လို့ PLA က ဆိုပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အနေနဲ့ စစ်မြေပြင်မှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို လူသားဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံကာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးသလို ဒဏ်ရာရ သုံ့ပန်းတွေကိုလည်း ဆေးကုသပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်းတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကန့်ဒေါင့်ရဲစခန်းကို PLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၂ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇွန်လ ၁၉ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း လေကြောင်းပစ်ကူလာတဲ့ ဂျက်ဖိုက်တာတစ်စီးကိုပါ ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မအောင်မြင်ခဲ့တဲ့ ကူမင်းဆွေးနွေးမှုအပြီး စစ်ကောင်စီ နောင်ချိုကို ဗုံးကြဲ

စစ်ကောင်စီနဲ့ တအာင်းတပ် TNLAတို့ ဆွေးနွေးမှုအပြီး စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

BPLA ၏ NCO (အကြပ်) သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ NCO (အကြပ်)သင်တန်း၊ အပတ်စဥ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂ ရက်က အမှတ် ၁၀၇ စစ်ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင်အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံ ပြောဆို

ကိုးကန့်တပ်မတော် (MNDAA)နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင်အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံက ဇန်နဝါရီ ၂၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။
Read More

အမျိုးသမီးများကို မုဒိမ်းကျင့်ပြီး ထွက်လာသည့်စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီးထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ မတ္တရာမြို့နယ်ပကဖဆီက သိရပါတယ်။
Read More

ရေဦးမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆လသား နဲ့ ၆နှစ်အရွယ် ကလေးငယ်တွေအပါ ၃ယောက်သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆လသား ကလေးငယ်အပါအဝင် ၃ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
Read More

KPF တပ်ဖွဲ့တာဝန်ရှိသူ ချန်းဂျော်ရမ် ကချင်ရှေ့တန်းစစ်မျက်နှာမှာ ကွယ်လွန်

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ကချင်ပြည်နယ်တစ်နေရာမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။