စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သူတွေကို ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့မှုနဲ့ ဖမ်းဆီးထားတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် (LDF) တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းတာဝန်ပေးအပ်တဲ့ စစ်ခုံရုံးက ဇူလိုင် ၁၀ ရက်မှာ အခုလို အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

ကက်သလစ် ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်အမှုမှာ စွပ်စွဲခံရသူ LDF ခေါင်းဆောင် တိုက်ကော (ခ) ဝင်းဇော်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ်(၂၀)ချမှတ်ခဲ့ပြီး ငနေ (ခ) နိုင်းနိုင်း၊ တံခွန် (ခ) မိုးယံမြင့်မြတ်၊ တက်လူ (ခ) နိုင်ဝင်းစည်သူ၊ မိုးကြိုး (ခ) အောင်မျိုးဟိန်း၊ R6 (ခ) အောင်ဇင်မြတ်၊ စနေ (ခ) ဂျွန်ကိုထွန်း၊ ကျားကြီး (ခ) ရင်ထူးကျော်တို့ (၇) ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) / ၁၁၄ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ်(၂၀)ချမှတ်ခဲ့ကာ သက်ဆိုင်ရာအကျဥ်းထောင်တွေမှာ ထိန်းသိမ်းထားရှိသွားမယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာမှာ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဘုန်းတော်ကြီး Father Donald Martin (ခ) ရဲနိုင်ဝင်းကို တအုံကျေးရွာ ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင် အပါအဝင် LDF ၈ ယောက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၄)ရက်က သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၄၄ နှစ်အရွယ်၊ ဝါတော် ၇ နှစ်ရှိတဲ့ ဖာသာဒေါ်နယ်မာတင်ဟာ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန်ကို ထမ်းဆောင်နေတာ ၂ နှစ်နီးပါးရှိတဲ့ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ အမြန်ဆုံး ရပ်တန့်အောင် ဆောင်ရွက်ပေးရန် ကုလ၊ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရများကို TNLA မေတ္တာရပ်ခံ

မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းအသုံးပြုပြီး ပြည်သူတွေရှိရာကို ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံး ရပ်တန့်အောင်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနဲ့ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရတွေကို မေတ္တာရပ်ခံကြောင်း TNLA က ပြောဆိုထားပါတယ်။
Read More

ညောင်ဦးတွင် ရွာစဥ်လှည့်မီးရှို့သည့် စစ်ကြောင်းနှင့် PDF များတိုက်ပွဲဖြစ်ပွား၊ စစ်အုပ်စုဘက် ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရွာစဥ်ပတ် မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက်သေဆုံး ခဲ့တယ်လို့ Black Eagle PDF (Bagan) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေဖြူမြို့နယ်၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၆ ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေါနတပ်ရင်းလက်အောက်ရှိ Laungline Peninsula Force (LPF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်၊ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ချေဆေးကျေးရွာကို အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်က စစ်ရှောင်ပြည်သူတွေကို ရွေ့လျားဆေးပေးခန်း (mobile clinic) နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြင်းထန်စွာ စစ်ကြောင်းထိုးမှုတွေကြောင့် ရှောင်တိမ်းနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ - တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic) ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်အလိုကျ ပေါ်တာဆွဲမှုများ ထဲထဲဝင်ဝင် လုပ်နေသည့် ပြည်သူ့စစ် ၁ ဦးကို YGF ရှင်းလင်း 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှာ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ပြည်သူစစ် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ရင်း (YGF) တာဝန်ရှိသူတွေထံက သိရပါတယ်။