မကွေးတိုင်း၊ ပခုက္ကူမြို့နယ် လေယာဉ်ကွင်းမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ Yesagyo Revolution Group -2 က  သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၅ ရက် ညနေပိုင်းက ပခုက္ကူမြို့ လေယာဉ်ကွင်းအနောက်ဘက်မှာ ကင်းပတ်နေတဲ့ စစ် ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခလရ ၂၅၄ တပ်က အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်းက သုံးဘီးအစိမ်းရောင်ယာဉ်နဲ့ ပခုက္ကူမြို့သို့ သယ်ဆောင်သွားကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Southern Yesagyo Local တပ်ပေါင်းစု၊ Yesagyo Revolution Group (YRG)၊ Southern YSO PDF၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF နဲ့ King Cobra အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Yesagyo Revolution Group -2

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် MLA ရဲဘော် ၅ ဦး၏ စျာပနကို ရှေ့တန်းတစ်နေရာမှာ ပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲဘော် ၅ ယောက်ရဲ့ နာရေးစျာပနကို ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်သို့ လာတဲ့ စစ်သင်္ဘော ၇ စီးကို KIA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၆ စီး ပျက်စီး (ရုပ်/သံ)

ကချင်ပြည်နယ် ရွှေကူမြို့မှ ဗန်းမော်သို့ လာနေတဲ့ စစ်သင်္ဘော ၇ စီးအုပ်စုကို KIA၊ PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၆ စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် ပင်တီးရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပင်တီးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်က သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်မှုမှာ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အဆုံးသတ် ရောင်နီကို မျှော်မှန်းရင်း တော်လှန်ခရီးကြမ်း လျှောက်လှမ်းနေသည့် လူငယ်များ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ-၂၊ အမှတ်-၇၈၀၅တပ်ရင်း အနေနဲ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်ဆင်ရေး ရုပ်သံမှတ်တမ်းတစ်ခုကို ထုတ်ပြန်ထားပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီအနီး လုံခြုံရေးကင်းယူရင်း ပိုက်ဆံတောင်းနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၆ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီအနီး လုံခြုံရေးကင်းယူပြီး လမ်းသွားပြည်သူတွေထံ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက်‌သေဆုံးခဲ့တယ်လို့ Black Eagle LPDF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။