ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဆီ အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဗိုလ် ၄ ယောက် အပါအဝင် စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ Nay Pyi Taw PDF က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၄ရက်နေ့က စစ်တောင်းမြစ်အနောက်ဘက်ကမ်းကနေ အင်အားဖြည့်ထားတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကရင်ချောင်းတံတား (ကျွဲရိုင်းပြင်)ကို ဖြတ်ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ကာ ရေလွဲကျေးရွာရှိ နေအိမ်အလုံး ၄၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခံရတဲ့ သတင်းအရ နေပြည်တော်တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်းအမှတ် (၈၀၁၊ ၈၀၂၊ ၈၀၃၊ ၈၀၄၊ ၈၀၅၊ ၈၀၆၊ ၈၀၇၊ ၈၀၈၊ ၉၀၁)နဲ့ တပ်ရင်း (၃၅၀၄) တို့ ပူးပေါင်းပြီး စစ်ကောင်စီစစ်ကြောင်းကို ပြန်လည်ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကြောင်း အထိနာသွားပြီး ကရင်ချောင်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၇ ရက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ အင်အားပြန်လည်ဖြည့်တင်းပြီး အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲကာ တော်လှန်ရေးတပ်ပေါင်းစုကို ထပ်မံထိုးစစ်ဆင်လာတဲ့အတွက် ၄ နာရီကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ ၁ ရက်လုံး တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဗိုလ် ၄ ယောက် အပါအဝင် စစ်သားအများအပြားသေဆုံးပြီး ၂၉ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိကာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုအနေနဲ့ စစ်ကောင်စီတပ် ဆုတ်ခွါသွားတဲ့နေရာကို ဗုံးသီးအကြွင်းအကျန်နဲ့ မိုင်းရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး နယ်မြေထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – Nay Pyi Taw PDF

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် Great Wall ဟိုတယ်ကို အပြီးသတ်ဖြိုချ (ရုပ်/သံ)

မန္တလေးမှာ ငလျင်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တဲ့ Great Wall ဟိုတယ်ကို ဒီနေ့ ဧပြီလ ၆ ရက်နေ့မှာ အပြီးသတ် ဖြိုချလိုက်တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နှင့် မြေပြင်ထိတွေ့မှုမှတ်တမ်းရုပ်သံ ကယန်းအမျိုးသားတပ်မတော် (KNA) ထုတ်ပြန်

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နဲ့ မြေပြင်ထိတွေ့တိုက်ပွဲ မှတ်တမ်းရုပ်သံကို ကယန်းအမျိုးသားတပ်မတော် (KNA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ၂၀၂၄ ရဲ့ နောက်ဆုံးရက် ဒီဇင်ဘာ ၃၁ ရက်က “ကြောက်စိတ်တွေကို ဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား”ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ဂိတ်ဖွင့်အထိုင်ချထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဂိတ်ဖွင့်အထိုင်ချထားတဲ့ စစ်ကောင်စီတပ် သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ဆုပ်လေဦးလေးဆုံမှာ ဘန်ကာအခိုင်အမာနဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်အောင်အဖွဲ့ထံက သိရပါတယ်။
Read More

သာသနာဘောင်မှာ ၂၅ နှစ်နေထိုင်ပြီး ရွာမီးရှို့ခံရတဲ့အတွက် တော်လှန်ရေးထဲပါဝင်ခဲ့တဲ့ ရဲဘော် ပုလဲဦးဇင်း (ရုပ်/သံ)

သာသနာဘောင်မှာ ၂၅ နှစ်နေထိုင်ပြီး ထိုင်းနိုင်ငံမှာ ပညာဆည်းပူးနေစဉ် ရွာမီးရှို့ခံရတဲ့အတွက် တော်လှန်ရေးထဲဝင်ရောက်လာခဲ့တဲ့ ရဲဘော် ပုလဲဦးဇင်းအကြောင်းကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA က ရုပ်သံမှတ်တမ်းထုတ်ပြန်ခဲ့ပါတယ်။