ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်မှာ (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ် KNDO တပ်ရင်း(၃) ဌာချုပ်မှာ ဇူလိုင်လ(၁၆)ရက် မနေ့က ကျရာက်တဲ့ (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ (Karen National Defense Organization Day) ကို ကျင်းပခဲ့ရာ KNU ရဲ့ ခရိုင်/မြို့နယ်/ကျေးရွာအုပ်စုခေါင်းဆောင်တွေ၊ KNDO တပ်ရင်း(၃) က တာဝန်ရှိခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ KNU ရဲ့ ခရိုင်အဆင့် အမြဲတမ်းကော်မတီနဲ့ အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် သစ်တောဌာနမှူး ပဒိုစောဆာဂူး၊ ကျောက်ကြီးမြို့နယ် KNU ဥက္ကဌ ပဒိုစောလှရွှေဟဲ၊ အမြဲတမ်းကော်မတီနဲ့ အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ပဒိုစောဝါးမူ၊ KNDO တပ်ရင်း(၃) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဆဲဒို၊ KNDO တပ်ရင်း(၃) ဒုတပ်ရင်းမှူး ဗိုလ်ချုပ် စောအယ်တောစိုး(ခ)စောဝါးတိုးနဲ့ မြို့နယ်၊ တပ်ရင်းက အခြားတာဝန်ရှိခေါင်းဆောင်တွေပါ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မူးမြို့နယ် KNDO တပ်ရင်း (၈) မှာလည်း (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့ရာ KNU ခရိုင်အဆင့် အမြဲတမ်းကော်မတီအဖွဲ့ဝင် ပညာရေးနဲ့ ယဉ်ကျေးမှုဌာနမှူး ပဒိုစောလာစေး၊ KNU မြို့နယ်အဆင့် အမြဲတမ်းကော်မတီနဲ့ အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် ပဒိုစောမာနေစေး၊ တပ်ရင်း(၈) တပ်ရေးမှူး ဗိုလ်ကြီးစောရှီးထူး၊ ကြေးနန်းဆက်သွယ်ရေးတာဝန်ခံ ဒုဗိုလ်စောကလယ်မူး စတဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ကူဆိပ်စခန်းက စစ်သားတွေ မထောစခန်းရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ…

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်နေရာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သလို ပြည်သူ ၁ ဦးလည်း စစ်တပ်လက်နက်ကြီးကြောင့် သေဆုံးခဲ့ဟု ဗမာ့တပ်တော် ထုတ်ပြန်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ၂ ရက်တာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိသလို ပြည်သူ ၁ယောက်လည်း သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို အပြီးသတ် တွန်းလှန်ချေမှုန်းသွားမယ်လို့ TNLA က ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ရဲ့  မြန်မာစစ်ကောင်စီကို အပြီးသတ် တွန်းလှန်ချေမှုန်းသွားဖို့ တော်လှန်ရေး ရည်မှန်းချက်ကို ဖော်ဆောင်သွားမယ်လို့ (၆၂) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ TNLA က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ပထအအကြိမ်ထိုးစစ်မှာ မသိမ်းပိုက်နိုင်ခဲ့တာကြောင့် “သက်ရှိစည်းရိုး”ဟု စစ်တပ်ဝါဒဖြန့်ရုပ်ရှင်ရိုက်ခဲ့သည့် ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်များ စတင်ထိုးစစ်ဆင်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တော်လှန်လူငယ်များ၏ ခံစားချက်ပုံဖော်မှု “အော်ပရာ” Ebook ကဗျာစာအုပ်၊ အကျိုးအမြတ်များကို ဖမ်းဆီးခံ UG များ ထောင်ဝင်စာနှင့် စာအုပ်ထုတ်ဝေရန် ရည်ရွယ်

ဖမ်းဆီးခံ မြို့ပြပြောက်ကျား (UG) ရဲဘော်တွေကို အကူအညီပေးနိုင်ရေး ရည်ရွယ်ထုတ်ဝေတဲ့ "အော်ပရာ" အမည်ရှိ Ebook ကဗျာစာအုပ်ကို ၁လကြာ ရောင်းချပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်း က မောင်းကိုပြောပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် “တစ်ခုတည်းသော ဗဟိုကွပ်ကဲမှု” အောက်တွင် စုစည်းရန် KIO နှင့် NUG ခေါင်းဆောင်များ တိုက်တွန်း

စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုအားလုံး တစ်ခုတည်းသော ဗဟိုအမိန့်ပေးကွပ်ကဲမှုအောက်မှာ စုစည်းညီညွတ်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေက ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးမိန့်ခွန်းတွေက တဆင့်တိုက်တွန်းပြောဆိုလိုက်ပါတယ်။