အကြမ်းဖက်စစ်တပ် အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုရဲ့ ယုံကြည်ထောက်ခံမှု ၆၇ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရရှိထားတယ်လို့ အရပ်ဘက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Blue Shirt Initiative (BSI) က ထုတ်ပြန်ထားပါတယ်။

“အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ် လူငယ်တွေရဲ့ ယုံကြည်မှု” ဆိုတဲ့ခေါင်းစဉ်နဲ့ ၂၀၂၅ ခုနှစ်၊ မတ် ၂၁ ရက်ကနေ ၂၅ ရက်အထိ ၅ ရက်အတွင်း မြို့နယ် ၂၃၇ ခုမှာ ကောက်ယူခဲ့ပြီး စစ်တမ်းဖြေဆိုခဲ့သူ လူငယ် ၃,၁၂၈ ယောက်အပေါ်မှာ တွက်ချက်ပြီး စစ်တမ်းကောက်ယူထားတဲ့ရလဒ်ကို BSI က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

အဆိုပါစစ်တမ်းဟာ နွေဦးတော်လှန်ရေး ၄ နှစ်ခွဲကျော်ကာလမှာ လက်ရှိနိုင်ငံရေးရေချိန်နဲ့ အနာဂတ်အတွက် လူငယ်ထုဆီက သဘောထားအမြင်တွေနဲ့ပတ်သက်လို့ ကောက်ယူခဲ့တာဖြစ်ပြီး စစ်တမ်းအရ လူထုဘက်က ယုံကြည်မှုရှိမှုနဲ့ ယုံကြည်မှုမရှိမှုဆိုတဲ့ အပိုင်း ၂ ပိုင်းကို ရာခိုင်နှုန်းတွေအလိုက် ဖော်ပြထားတယ်လို့ ဆိုပါတယ်။

စစ်တမ်းအရ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ကတော့ ယုံကြည်တဲ့ဘက်မှာရှိပြီး ၄၈ ရာခိုင်နှုန်းရှိသလို NUG ရဲ့ စီမံမှုအောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကတော့ ၅၇ ရာခိုင်နှုန်း ယုံကြည်မှုရရှိထားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လူထုယုံကြည်မှု မရှိတဲ့အပိုင်းမှာ ထိပ်ဆုံးက ရပ်တည်နေပြီး လူငယ်ထုက ၈၀ ရာခိုင်နှုန်းအထိ ယုံကြည်မှု မရှိသလို မင်းအောင်လှိုင်ရဲ့ စစ်တပ်ကလည်း ယုံကြည်မှုမရှိတဲ့အပိုင်းမှာ ၇၇ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါသည်။

အဆိုပါစစ်တမ်းထဲမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ “ဝ”တပ်ဖွဲ့ (UWSA) လည်း ပါဝင်ပြီး အဆိုပါ ၄ ဖွဲ့ကိုတော့ လူငယ်ထုယုံကြည်မှုက ၃၁ ရာခိုင်နှုန်းရှိတယ်လို့ စစ်တမ်းက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့သည့် ဒီမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်၊ ရဲမေများကို ထောက်ပံ့ငွေပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီမော့ဆိုမြို့နယ်က ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော် ရဲမေတွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီမော့ဆိုမြို့နယ် - DMO Local PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးနှင့် မတ္တရာတွင် လက်နက်တပ်ဆင်ပေးထားသည့် အပြာဝတ် ရလဖများအား စစ်ကောင်စီ ပိုမိုအသုံးပြုလာ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်တွေမှာ  စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းနဲ့ ပြည်သူ့စစ်စုဆောင်းတာတွေအပြင် ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေအဖြစ်လည်း လက်နက်ပေး ဖွဲ့စည်းထားကြောင်း သိရပါတယ်။
Read More

ဖလမ်းကို စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်မှ ၂လ ကျော်အတွင်း စစ်သား ၁၄ဦး အလင်းဝင်ရောက်လာပြီး၊ ၁၂ဦး အရှင်ဖမ်းမိထားဟု CNDF ပြော

"အလင်းဝင်တာမျိုးမဟုတ်ပဲ သူတို့ဘာသာ ထွက်ပြေးတာမျိုးတွေ၊ ကျနော်တို့မဟုတ်ပဲ အခြားအဖွဲ့တွေဆီ ရောက်သွားတာတွေလည်းရှိပါတယ်။ ကျနော်တို့ကတော့ တိုက်ပွဲဖြစ်နေတုန်း ဖမ်းမိရင် စစ်သုံ့ပန်းပါပဲ။ သုံ့ပန်းဥပဒေအတိုင်းပဲ လုပ်တယ်။ အလင်းဝင်လာသူတွေကိုတော့ စောင့်ကြည့်တယ်။ ယုံကြည်ရတဲ့အခြေအနေရှိရင် မိသားစုဆီပို့ပေးတာ၊ လုံခြုံတဲ့နေရာပို့ပေးတာမျိုးတွေ ရှိပါတယ်" လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုဆက်ပြောခဲ့ပါတယ်။
Read More

စစ်ကောင်စီ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကြောင့် မော်ချီးဒေသလမ်းပိုင်းကို  IEC ခေတ္တပိတ်ထား

ကရင်နီပြည်နယ်အတွင်းက စစ်ရေးအခြေအနေတွေအရ စစ်ကောင်စီဘက်က ဘော်လခဲကနေ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကြောင့် မော်ချီးဒေသလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က မတ်လ ၄ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုကို တိုက်ဖျက်ကာ သန်းခေါင်စာရင်းကောက်ပေးသူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ လောင်းလုံး ပကဖ သတိပေး

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့ ထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်နေသလို သူတို့လက်အောက်ခံ Non CDM ဝန်ထမ်းတွေ၊ ရဲတွေ၊ ပျူစောထီးတွေကို အသုံးချပြီး သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လုပ်ဆောင်နေပါတယ်။