ဇူလိုင် ၁၆ ရက် ဒီနေ့မနက်အစောပိုင်းက မန္တလေးတိုင်း၊ မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့တို့မှာ အင်အားအသင့်တင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့မနက် ၃ နာရီခွဲဝန်းကျင်ခန့်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရဲ့ အရှေ့တောင်ဘက် ၄ မိုင်ခန့်မှာ အင်အား ၄.၉ ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး၊ ပြင်ဦးလွင်၊ မြစ်ငယ် အပါအဝင် မြို့ကြီးတချို့မှာ ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့မနက် ၇ နာရီ ၅၂ မိနစ်ခန့်ကလည်း ဝမ်းတွင်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာမှာ အင်အား ၄.၂ ရစ်ချ်တာစကေးအဆင့်ရှိ ငလျင် ၁ ခု ထပ်မံလှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။

Video – လှုမှုကွန်ရက်

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲတွန်းရေယာဉ်အုပ်စုကို ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတင်ဖို့အတွက် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲတွန်းရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group အဖွဲ့မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် စစ်ကော်မရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းက ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ (ရုပ်/သံ)

စလင်းမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်တိုင်း ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၁၁ ရက် မနေ့ညပိုင်းက ၄၀ မမ ဗုံး ပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF အဖွဲ့ထံက သိရပါတယ်။
Read More

အမှတ် (၁) စစ်ဒေသ ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ်-၂၊ တပ်ခွဲ-၃ KRA အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အမှတ် (၁) စစ်ဒေသ ကျောက်ဆည်ခရိုင်၊ တပ်ရင်း အမှတ်-၂၊ တပ်ခွဲ - ၃ KRA ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၁၁ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။