ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ဝါတွင်းကာလမှာ ကျဆုံးရဲဘော်တွေကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မင်းဘူးခရိုင် တပ်ရင်း ၅ အနေနဲ့ တပ်ရင်းရှိ တော်လှန်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်သွားရတဲ့ ရဲဘော်တွေနဲ့ မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်အမြစ်ပြတ် တော်လှန်ရေးအတွက် အသက်ပေးဆပ်သွားရတဲ့ ရဲဘော် ရဲမေတွေကို ရည်စူးပြီး တပ်ရင်းမိသားစုက စုစည်းပြီး တပ်ရင်းရုံးအထိုင်ချရာ နယ်မြေမှာ သံဃာတော်တော်တွေ ပင့်ဆောင်ကာ ဝါဆိုသင်္ကန်း ကပ်လှူခြင်းနဲ့ သံဃာတော်တွေကို ဆွမ်းကပ်ခြင်း ကုသိုလ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတွင် ဆက်ကြေးကောက်ရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ကန်တလူရွာအနီး ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ပျူတွေနဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ Generation Z Power က သတင်းထုတ်ပြန်ပါတယ်။ 
Read More

မဟာဗျူဟာကျတဲ့ လမ်းကြောင်း ၁၅ ခု အပါအဝင် တစ်နိုင်ငံလုံးရဲ့ ၄၄ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

နိုင်ငံတစ်ဝန်း မဟာဗျူဟာကျပြီး အရေးပါတဲ့  ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်း ၁၅ ခုလောက်ကို စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကော်သူးလေ အုပ်ချုပ်မှုနယ်မြေထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်

KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းက နေရာတချို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။  
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
Read More

ဂန့်ဂေါတွင် အတုအယောင်ရွေးကောက်ပွဲအတွက် မဲစာရင်းကပ်အသိပေးခြင်းနဲ့ လုံခြုံရေးတိုးမြှင့်ခြင်းများ ရှိနေသော်လည်း ပြည်သူလူထု စိတ်ဝင်စားမှုမရှိ…

"ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကစလို့ ဂန့်ဂေါမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ရွေးကောက်ပွဲအတွက် မဲပေးနိုင်ကြသူများစာရင်းတွေ ကပ်ထားတယ်လို့သိရတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ သွားမကြည့်ဘူး။ အယုံကြည်လည်းမရှိဘူး။ ပြည်သူ့ဆန္ဒမပါတဲ့ အတုယောင်ရွေးကောက်ပွဲ ဖြစ်နေလို့ပါ။" လို့ ဂန့်ဂေါဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်ထဲက ကျေးရွာကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၃) လုံး ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံးဗုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။