မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ဖျာရွာသစ်ဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတဲ့ စစ် ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက်သေဆုံးခဲ့တယ်လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းက ကျောက်ဖျာရွာသစ်ဘုန်းကြီးကျောင်းမှာ အင်အား ၃၀ ခန့်နဲ့ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှု သာစည်မြို့နယ် ပကဖ၊ တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရမည်းသင်းခရိုင် ပကဖ၊ ပျော်ဘွယ်မြို့နယ် ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ် ဆင်တဲ့ဝတံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တပင်ကန်ကျေးရွာ ဆင်တဲ့ဝတံတားထိပ်မှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ နတ်ရေကန်စခန်းကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာမှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မေလ ၁၁ ရက် နေ့လယ်ပိုင်းက ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ လိုင်ဇာမြိုထဲ ဝင်ရောက် (ရုပ်/သံ)

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ လိုင်ဇာမြို့ထဲ ဝင်ရောက်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
Read More

မင်းစောရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ သံဃာတော်တွေ ဆွမ်းကပ်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ကြီး-ဟိုပုံးလမ်းပိုင်းမှာ ဆီဘောက်ဆာယာဉ်ဘရိတ်ပေါက်တိမ်းမှောက်ရာမှာ မီးလောင်မှုဖြစ်ပြီး လူ ၂ ယောက်သေဆုံးကာ ယာဉ် ၅ စီးမီး‌လောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီး-ဟိုပုံး ပြည်‌ထောင်စုလမ်းပိုင်းမှာ မေလ ၂၃ ရက် မနေ့ ညနေပိုင်းက ဆီဘောက်ဆာယာဉ်ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာမှာ ယာဉ် ၅ စီးဆင့်တိုက်ပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။ ဆိုင်ကယ်နှစ်စီးအပါအဝင် ကား၃ စီး မီးလောင်ခဲ့ပြီး မီးလောင်သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃ ယောက်ရှိတယ်လို့ သိရပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို တရုတ်နဲ့ စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြကာ ပိတ်ထားတဲ့အတွက် ကုန်သည်တွေ အခက်ကြုံနေ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နဲ့ ရွှေလီမြို့ကြား ကုန်စည်ဖြတ်သန်းမှုကို တရုတ်အစိုးရက ဒီနေ့နိုဝင်ဘာ ၁၁ ရက်မှာ ကန့်သတ်လိုက်တဲ့အတွက် မြန်မာကုန်သည်တွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်။