ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း တော်လှန်ရေးရဲဘော်တွေ နယ်မြေလုံခြုံရေးအတွက် ကင်းပတ်နေချိန် စစ်ကောင်စီတပ်သား ၁ ယောက်ကို လက်နက်နဲ့တကွ ဖမ်းမိခဲ့တယ်လို့ Spring Warriors Column က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ ၂၆ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲအပြီး နယ်မြေလုံခြုံရေးအတွက် ကင်းပတ်နေစဉ် ဇူလိုင် ၁၀ ရက်မှာ ပိတ်မိပြီးကျန်ခဲ့တဲ့ စစ်ကောင်စီတပ်သား ၁ ယောက်ကို လက်နက်နဲ့တကွ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားထံက သေနတ် တစ်လက်၊ ကျည်‌ဘောက် အပို ၂ ခု၊ ကျည်ဆံတွေနဲ့ အီကွေ့မန့် ကျည်ကာအင်္ကျီတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Spring Warriors Column

0 Shares:
You May Also Like
Read More

ပဲခူးရိုးမအစပ် ရေငံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်‌တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာမှာ အင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပူတင်ကို ဗျာဒိတ်တော်လာ ကြွက်မင်းအဖြစ် သုံးနှုန်းပြီး မင်းအောင်လှိုင်က သူကိုယ်သူ မြန်မာဘုရင်အဖြစ် သုံးနှုန်း (ရုပ်/သံ)

ရုရှားနိုင်ငံ မော်စကိုမြို့မှာ မတ်လ ၄ ရက်က ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံစဉ်အတွင်း ၁၈၃၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ မဟာဘိသက္ကပဏ္ဍိတဘွဲ့ခံ ပါဠိဆရာကြီး ဦးစော ရေးသားတဲ့ ဦးအောင်ဇေယျ အတ္တုပတ္တိစာအုပ်ကို ကိုးကားပြီး ပူတင်ကို ဗျာဒိတ်တော်လာကြွက်မင်းအဖြစ် မင်းအောင်လှိုင်က သုံးနှုန်းခဲ့ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို ရိုးမခေါ်သံ ၂ က ထုတ်ပြန်ပြသထားပါတယ်။
Read More

သရက်-မင်းလှလမ်းပိုင်းတွင် စစ်ယာဥ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ထံက သိရပါတယ်။
Read More

မြဝတီမြို့နယ် မင်းလက်ပံရွာအထက်တန်းကျောင်းကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ မင်းလက်ပံရွာအထက်တန်းကျောင်းကို စစ်ကော်မရှင်က အသေခံ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူများထံက သိရပါတယ်။ စက်တင်ဘာ ၂၆ ရက်က မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာအထက်တန်းကျောင်းကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ရက်တည်းမှာပဲ ဖလူးရွာနှင့် မယ်ထော်သလေးဒေသတွေကိုလည်း ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
Read More

ရေဦးမြို့နယ်ကို အင်အား ရာကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်တွေကို နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက Fixed-Wing  Drone တွေနဲ့ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။