ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ SSNDF / KNDFဗျူဟာအမှတ် ၉ က ရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို ဇူလိုင်လ ၁၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မဟာမိတ်တပ်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့ အဆိုပါအခမ်းအနားမှာတော့ အလေးပြုခြင်းတွေနဲ့ သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်းတို့ ပြုလုပ်ခဲ့ပြီး SSNDF / KNDF ဗျူဟာအမှတ် ၉ တာဝန်ရှိသူတွေက ရဲဘော်တွေကို အားပေးစကားနဲ့ ကျေးဇူးတင်စကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် SSNDF / KNDF ဗျူဟာအမှတ် ၉ က ရဲဘော်တွေအတွက် သေနတ်ဖြုတ်တပ်ပြိုင်ပွဲတွေနဲ့ အခြားအပျော်တမ်းဂိမ်းတွေ ကစား​ခြင်း၊ ဆုချီးမြှင့်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့မှာ မြို့နေပြည်သူဆီကို မြို့နယ် ပကဖ က စစ်သတင်းလွှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့က ဒေသခံပြည်သူလူထုဆီကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အပတ်စဥ်ထုတ်ဝေနေတဲ့ စစ်သတင်းလွှာတွေကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးအဖွဲ့၊ သတင်းတာဝန်ခံရုံးအဖွဲ့ နဲ့ သပိတ်ကျင်းတိုက်နယ် ပကဖ ရုံးအဖွဲ့တို့ ပူးပေါင်း ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

လားရှိုးမှာ အရပ်သားတွေ အိပ်မောကျချိန် စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချလို့ ၁ ယောက်သေဆုံးကာ ၁၅ ယောက်ခန့် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ရက်အကြာမှာ NLD လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင် ကွယ်လွန် ကျန်းမာရေးဆိုးရွားပြီး ဆေးရုံပေါ် အသက်လုနေချိန်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်

မန္တလေးဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်(ICU) မှာ ဆေးကုသမှုခံယူနေရတဲ့ ဦးဝင်းခိုင်ကို စစ်ကောင်စီက အောက်တိုဘာ ၂၉ရက်နေ့မှာ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ၁၁ရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်း၏ ၃ နှစ်ပြည့် အခမ်းအနား

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ အမှတ် (၉၄၂၀) တပ်ရင်း KPLA/B9420 ရဲ့ တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည်တစ်နေရာမှာ နိုဝင်ဘာ ၁၄ ရက် ဒီနေ့ အကျဥ်းချုံးပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။