မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ လေယာဥ်ကွင်းအနောက်ဘက် ကင်းလှည့်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ခလရ ၂၅၄ တပ်က အရာရှိ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၁၅ ရက် မနေ့ကညနေပိုင်းမှာ ပခုက္ကူမြို့လေယာဉ်ကွင်း အနောက်ဘက်ကို ပတ်ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ Southern Yesagyo Local တပ်ပေါင်းစုရဲ့ အရံကင်းအဖွဲ့တို့ တွေ့ဆုံပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က စလင်းအခြေစိုက် ခလရ ၂၅၄ တပ် အရာရှိ ၁ ယောက် အပါအဝင် ၆ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Southern YSO PDF က ထုတ်ပြန်ပါတယ်။

Southern Yesagyo Local တပ်ပေါင်းစုတပ်ဖွဲ့ဝင်များ

သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သားအလောင်းတွေကို ဇူလိုင် ၁၆ ရက် ဒီနေ့ နေ့လယ်ခင်းမှာ သုံးဘီးအစိမ်းရောင် ၁ စီးပေါ် တင်ဆောင်ကာ ပခုက္ကူမြို့ကို သယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Southern Yesagyo Local တပ်ပေါင်းစု ဖြစ်တဲ့ Southern YSO PDF၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF၊ Yesagyo Revolution Group (YRG) နဲ့King Cobra အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကလည်း အဆိုပါ ပခုက္ကူလေယာဥ်ကွင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ လေယာဥ်ပြေးလမ်း ပျက်စီးပြီး စစ်ကောင်စီဘက် ထိခိုက်​သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်ကြောင့် သေဆုံးသူများခဲ့သည့် အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဥ်းသားများစာရင်း စစ်အုပ်စုဖုံးကွယ်ထား…

"အထူးသဖြင့် အာဏာမသိမ်းခင်ကတည်းကအဆောင်တွေကအိုဟောင်းနေပါပြီ။ အာဏာသိမ်းပြီးတော့ နိုင်ငံရေးအကျဥ်းသားတွေအများကြီးစုပြုံပြီးထည့်ထားတယ်။ ဒီတော့ ငလျင်ကြောင့်ဆိုတာထက်အဆောက်အအုံခိုင်ခန့်မှုမရှိတာကို လူတွေစုပြုံပြီးထည့်ထားတာမို့ စီမံခန့်ခွဲမှုညံ့ဖျင်းတာလို့ပြောချင်ပါတယ်။" လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဘုတလင်မှာ အင်အား ၁၀၀ ကျော်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိခဲ့တယ်လို့ 96 Solider PDF (အညာဒေသ) ဆီက သိရပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို ကျန်တဲ့တပ်ဖွဲ့ဝင်တွေ လိုက်လံကန်တော့ပြီး ထောက်ပံ့ကူညီခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ရှမ်းမန်း စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို ကျန်ရှိတပ်ဖွဲ့ဝင်တွေက သီတင်းကျွတ်ကာလမှာ လိုက်လံကန်တော့ခဲ့တယ်လို့ DOUNG NI People Defence Force-DNPDF က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဗန်းမော်မြို့နယ် စစ်ကောင်စီ အမှတ် ၄၇ ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကို KIA PDF ပူးပေါင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီး တိုက်ပွဲတွေ ပြင်းထန်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အခြေစိုက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ် အမှတ် ၄၇ ခြေလျင်တပ်ရင်းရဲ့ အဓိကကျတဲ့ ကာကင်းစခန်း ၂ခုလုံးကို KIA PDF တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၄ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေဖြူစစ်ဗျူဟာ လုံခြုံရေးတပ်စုမှ စစ်မှုထမ်းဆင်းစစ်သား (၂) ဦး တနင်္သာရီတိုင်းစစ်ဌာနဆီ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ

တနင်္သာရီမြို့နယ်၊ ရေဖြူစစ်ဗျူဟာလုံခြုံရေးတပ်စုက စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီစစ်သား(၂) ယောက် ဇူလိုင်လ ၈ ရက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ အတွက် စစ်ကောင်စီ စတင် စာရင်းကောက်ယူနေ

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ဖို့အတွက် မတရား စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီက စတင်ကောက်ယူနေပြီလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။