မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ရှိ နယ်သတ်ရွာကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၅ရက်၊ မနေ့က ညနေ ၄ နာရီလောက်မှာ နယ်သတ်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ မိသားစုဝင် ၂ ယောက်ထဲက သမီးဖြစ်သူ သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။

“နယ်သတ်ရွာ၊ မြိုင်နယ်-ပေါက်နယ် အစပ်လေးပေါ့။ အရင်လည်း ခဏခဏ အကြဲခံရတဲ့ ရွာလေးရယ်၊ ထိတွေ့မှုဘာညာတော့ အဲ့နားမှာ ပွဲဖြစ်တာမရှိဘူးဗျ။ အဲ့နားမှာ ပျူရွာတွေ ဘာညာမရှိဘူး၊ တိုက်ပွဲဘာညာမရှိဘူး။ သက်သက်အကြောင်းမဲ့ လာချတဲ့သဘောဗျ။ ရွာအစပ်လေးကို လာချသွားတာ။ အခု ထိခိုက်သေဆုံးသွားတဲ့သူတွေကလည်း ရွာထဲကနေ မရှောင်ဘဲ ကျန်ခဲ့တဲ့သူတွေ ဖြစ်မယ်” လို့ မြိုင် နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

နယ်သတ်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး နေအိမ်များ ထိမှန်ပျက်စီးသွားပုံ

နယ်သတ်ရွာဟာ အိမ်ခြေ ၁၀၀ ဝန်းကျင်သာရှိတဲ့ ရွာငယ်လေး တစ်ရွာဖြစ်ပြီး အခုလို လေကြောင်းတိုက်ခိုက်တာဟာ မဟုတ်မမှန် သတင်းပေးမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်အတွင်း နယ်သတ်ရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံ တော်တော်များများဟာ တောင်တွေထဲမှာ တဲထိုးကာ ရှောင်တိမ်းနေကြပြီး တချို့ကတော့ ရွာတွေထဲမှာပဲ အဆင်ပြေသလိုနေထိုင်ကြတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

“ဒလန်တွေက သတင်းပေးလို့သာ ချနေတာ။ ရွာလေးက ရွာသေးသေးလေး။ အဲ့နားမှာ စခန်းတွေဘာတွေ ဘာမှမရှိတဲ့ရွာလေး ရေနံမှော်နဲ့ နီးတာလေးတစ်ခုပဲရှိမယ်။ ကျန်တာကတော့ ဘာမှ တအားကြီးကြီးမားမား မရှိဘူး။ အခုလည်းချတာ ၄ ကြိမ်လောက်ရှိပြီဆိုတော့ စိုးရိမ်တော့ ရွှေ့ကြနေတာတွေတော့ ရှိတယ်။ အရင်ကတည်းက တောတွေထဲမှာနေတာ။ ရွာထဲမှာနေတဲ့သူလည်း တောထဲမှာရှောင်အိပ်တာမျိုး၊ နေရာ ၂ ခု ၃ ခု လိုမျိုးခွဲနေကြတာ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကလည်း နယ်သတ်ရွာကို စစ်အုပ်စုက ထိတွေ့မှုမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ယောက် ထိမှန်ဒဏ်ရာရကာ နေအိမ်တစ်လုံးပျက်စီးပြီး ဆိုင်ကယ်တစ်စီးလည်း မီးလောင်ပျက်စီးသွားခဲ့ပါသေးတယ်။

နယ်သတ်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး နေအိမ်များ ထိမှန်ပျက်စီးသွားပုံ
နယ်သတ်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး နေအိမ်များ ထိမှန်ပျက်စီးသွားပုံ
0 Shares:
You May Also Like
Read More

VPN ဝန်ဆောင်မှုပေးခြင်းကို ထောင် ၆လအထိ အရေးယူနိုင်မည့် ဆိုင်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း အသက်သွင်း

ခွင့်ပြုချက်မရှိဘဲ VPN ၀န်ဆောင်မှုပေးခြင်း အပါအဝင် အင်တာနက်အသုံးပြုရာမှာ ပိတ်ဆို့ကန့်သတ်အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် အသက်သွင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
Read More

ဖားကန့်တွင် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာထဲကို အကြမ်းဖက် စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ မိသားစုဝင် ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင် လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူ ၁၂ ဦးအထိရှိလာ၊ ၃၇ ဦး ပြင်းထန်စွာ ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဒေသခံ (၁၂) ယောက်အထိ ရှိလာပြီး (၃၇) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံမှ ငြိမ်းချမ်းရေးယူလိုကြောင်း သက်သေပြနိုင်မှာသာ တွေ့ဆုံနွေးနွေးမယ်လို့ မင်းအောင်လှိုင်ပြော

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံကနေ ငြိမ်းချမ်းရေးလိုလာကြောင်းပြသမှသာ နိုင်ငံရေးအရ ဆွေးနွေးမှု လုပ်ဆောင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်
Read More

မင်းအောင်လှိုင် တရုတ် သွားမည်ဟု ထုတ်ပြန်၊ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်ပွဲကိုလည်း အကြမ်းဖက်စစ်ခေါင်းဆောင် တက်ရောက်ဦးမည်ဟု ဆို

တရုတ်နိုင်ငံကို အကြမ်းဖက် စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က အလုပ်သဘောနဲ့ ခရီးသွားရောက်မယ်လို့ စစ်တပ်အားပေး မီဒီယာတွေနဲ့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြထားပါတယ်။
Read More

မြင်းခြံခရိုင်ပကဖထံမှ သေနတ်ယူထွက်ပြေးသည့် အချုပ်သားများအနက် ၈ ဦးကို Zero ပြောက်ကျားတပ်ဖွဲ့ ပြန်လည်ဖမ်းဆီးအပ်နှံထား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ပကဖထံကနေ လက်နက်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေထဲက ၈ယောက်ကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)၊ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက မောင်းကိုပြောပါတယ်။ အောက်တိုဘာလ ၁၆ရက် မနေ့က မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ အချုပ်သား အယောက် ၃၀ နီးပါး သေနတ်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြခဲ့ပါတယ်။