မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ ဝင်ရောက်တပ်စွဲနေတဲ့ ဘုန်းကြီးကျောင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၀ ရက်၊ မနက်အစောပိုင်းမှာ ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်အုပ်စု၊ ကျောက်ဖျာရွာသစ် ဘုန်းကြီးကျောင်းအတွင်းရှိနေတဲ့ စစ်ကောင်စီအင်အား ၃၀ နီးပါးကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၃ယောက်သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လှည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သာစည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို သာစည်မြို့နယ်ပကဖနဲ့အတူ တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေး ရမည်းသင်းခရိုင်ပကဖနဲ့ ပျော်ဘွယ်မြို့နယ်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကျောက်ဖျာရွာသစ် ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ကောင်စီတပ်သားများကို ပကဖတပ်ဖွဲ့ဝင်များ တိုက်ခိုက်နေစဥ် (ဓာတ်ပုံ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

ရန်ကုန်တွင် စစ်အုပ်စုနှင့် အပေါင်းအပါများ လမ်းပေါ် ထိုးကြိတ်ဖမ်းခေါ်သည်အထိ ပေါ်တာဆွဲမှုများ ဆိုးရွားလာ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက လမ်းသွားလမ်းလာ လူငယ်တွေပါမချန် ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်ရင်း စစ်မှုထမ်းစျေးကွက်ကို ဆိုးဆိုးရွားရွားလုပ်ဆောင်လာကြကြောင်း Rangoon Scout Network တာဝန်ရှိသူမှ မောင်းကိုပြောပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ပဋိပက္ခအတွင်း လိင်အခြေပြုအကြမ်းဖက်မှုများ ပပျောက်နိုင်ရေးနှင့် ပတ်သက်သည့် သင်တန်းများ ပြန်လည်စတင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒေသခံပြည်သူတွေအတွက် ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု-(Conflict Related Sexual Violence)၊ လိင်အခြေပြုအကြမ်းဖက်မှု-(Gender Based Violence) အစရှိတဲ့ အကြောင်းအရာတွေပါဝင်တဲ့ WCP အသိပညာပေး ဆွေးနွေးမှုသင်တန်းကို အခုစက်တင်ဘာလထဲမှာ ဒုတိယအကြိမ်အနေနဲ့ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲများ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလလူ့အခွင့်အရေးအရာရှိပြော

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးအကျပ်အတည်းထဲမှာ နစ်မွန်းနေရပြီး ပြည်သူတွေဟာလည်း ဒုက္ခဆင်းရဲတွေ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြောပါတယ်။
Read More

ကပစ ၂၂ မှ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကြောင့် ပြည်သူများ ရိုက်နှက်ခံရ၊ နေအိမ်များ မီးရှို့ခံရကာ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အစပ်ရှိ ကပစ ၂၂ က ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နောင်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်မယ့် ဘိန်းခင်းတွေကို CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်း

ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia - CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်

၁၀၂၇ ဒုတိယလှိုင်း ၊ စဉ့်ကူးမြို့နယ် စစ်ဆင်ရေးအတွင်း ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းက တပ်ရင်းမှူး "ဒိုလေး" ကို "စစ်ရေးဗျူဟာထူးချွန်ဆု" ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။