စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ SNA တပ်ဖွဲ့ဝင်တွေရဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရင်း တော်လှန်ရေး ရဲဘော်၁ယောက် ကျဆုံးခဲ့ကြောင်း ကသာခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ မနက်ပိုင်းက ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းကျေးရွာအနီးမှာ နယ်မြေချဲ့ထွင်အထိုင်ချထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့ ကာကင်းစခန်းကို ကသာခရိုင် အမှတ် (၄) တပ်ရင်း (K-4)က နယ်မြေရှင်းလင်းရေးလုပ်ရင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး SNA ဘက်က ၃ယောက်ထက်မနည်း သေဆုံးခဲ့သလို ကသာခရိုင် တပ်ရင်း (၄) ဘက်ကလည်း ၁ ယောက် ကျဆုံးကာ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“နယ်မြေရှင်းတာ ဟုတ်တယ်ဗျ။ နယ်မြေချဲ့ပြီး ကာကင်းစခန်း ဆောက်လာလို့ပါ။ တိုက်ပွဲက  နာရီဝက်လောက်ကြာမယ်။ ကာကင်းစခန်းကိုတော့ မရလိုက်ပါဘူး။ ကိုယ့်ဘက်အကျရှိလို့ ပြန်ဆုတ်ခဲ့လိုက်ပါတယ်” လို့ ကသာခရိုင် အမှတ်၄ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်း SNA တပ်ဖွဲ့ဝင်တွေရဲ့ G3 သေနတ် ၁လက်ကိုသိမ်းဆည်းရရှိခဲ့သလို ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် သီးခြားဂုဏ်ပြုထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း ကသာခရိုင် အမှတ် (၄) တပ်ရင်းထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်ပိုင်ရဲရင့်နိုင်၏ တပည့်ဖြစ်သူ နှစ်ကြီးကျအကျဉ်းသား ပြူးကြီးဆိုသူမှ ခြိမ်းခြောက်နေ

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းရှိ သီးသန့် (က/ခ) တိုက်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးပြစ်ဒဏ်ကျ အကျဉ်းသား ပြူးကြီးဆိုသူမှ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ရှိ၊ Golden City Hotel အဆောက်အအုံအောက်ကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိ

စစ်ကိုင်း ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Golden City Hotel အဆောက်အအုံကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ချင်းတွင်းမြစ် ရေဘေးသင့် ပြည်သူများကို မင်းကင်းမြို့နယ် ပကဖ စားနပ်ရိက္ခာ ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေတဲ့ ကျေးလက်နေ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းကင်းမြို့နယ် ပကဖ အဖွဲ့က စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဆောမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဘုန်းကြီးတစ်ပါး ဒဏ်ရာဒဏ်ချက်များနှင့် ပြန်လွတ်လာပြီးနောက် ပျံလွန်တော်မူ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာက သံဃာတစ်ပါးဟာ စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြန်လည်လွတ်မြောက်ပြီး နောက်တစ်ရက်မှာပဲ ပျံလွန်တော်မူသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးမြို့တွင် ရပ်ကွက်အာဏာပိုင်များကို လုပ်ကြံသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အမျိုးသား ၆ ဦးကို ဖမ်းဆီး၊ မြို့ပြအုပ်ချုပ်ရေး ယန္တရားအောက်တွင် စစ်တပ်လက်ပါးစေများ အရင်ထက် ပိုမိုများပြားလာ

မန္တလေးမြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးဝန်ထမ်းတွေ သတ်ဖြတ်ခံရမှုနဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကို MDY PDF ကလုပ်ဆောင်ခဲ့ကြောင်းနဲ့ လုပ်ဆောင်ခဲ့သူ ၆ ယောက်ကို ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။