ကချင်ပြည်နယ် ဖားကန်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA ‌တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု တွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီနေ့ဇူလိုင်လ ၁၆ ရက်မှာ ဖားကန့်ရှိ မှော်မောင်းလျံကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

KIA တော်လှန်ရေးပူးပေါင်းတပ်တွေက ဇူလိုင် ၁၄ ရက်မှာ မှော်ဝမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ခဲယမ်းသိုလှောင်ရုံကို RPG နဲ့ သွားရောက်ပစ်ခတ်ခဲ့ရာ သိုလှောင်ရုံပေါက်ကွဲပြီး စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဇူလိုင် ၁၅ ရက်မှာလည်း ဖားကန့် မှော်ဝမ်းလေးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KIA က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Tarlin Mg

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်မှာ အရက်မူးနေတဲ့ ကားသမားကြောင့် လူ ၁ ဦး သေဆုံး (ရုပ်/သံ)

ထိုင်းနိုင်ငံ  စမွတ်စခွန်ခရိုင် မှာ အရက်မူးနေတဲ့ မြန်မာကားသမားကြောင့် မြန်မာ ၁ ဦး သေဆုံးခဲ့ပါတယ်။
Read More

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် စစ်တပ်ရဲ့ ခြောက်ဘီးကား ၂ စီးကို တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၈ ဦး သေဆုံး (ရုပ်/သံ)

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ‌ မောင်းနှင်နေတဲ့ စစ်တပ်ရဲ့ ခြောက်ဘီးကား ၂ စီးကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးဖြူတပ်ရင်းရုံး သတင်းနှင့် ပြန်ကြားရေးက ယမန်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့နယ် မင်းလက်ပံရွာအထက်တန်းကျောင်းကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ မင်းလက်ပံရွာအထက်တန်းကျောင်းကို စစ်ကော်မရှင်က အသေခံ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူများထံက သိရပါတယ်။ စက်တင်ဘာ ၂၆ ရက်က မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာအထက်တန်းကျောင်းကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ရက်တည်းမှာပဲ ဖလူးရွာနှင့် မယ်ထော်သလေးဒေသတွေကိုလည်း ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
Read More

မန္တလေးတွင် သားအမိ ၃ယောက်ကို ဓားဖြင့်ရွယ်ကာ ဆိုင်ကယ်လုယက် (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ သားအမိ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ဓားကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ယောက်က လုယက်ခဲ့ကြောင်း ဒေသခံအမျိုးသမီးက Facebook လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ ရုပ်/သံ ထုတ်ပြန်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းသိမ်းစစ်ဆင်ရေးက ရုပ်/သံဖိုင်ကို နဂါးဖြူတပ်ရင်းက ဒီကနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

အမှတ်-၁ စစ်ဒေသ မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။