အကြမ်းဖက်စစ်တပ် အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုရဲ့ ယုံကြည်ထောက်ခံမှု ၆၇ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရရှိထားတယ်လို့ အရပ်ဘက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Blue Shirt Initiative (BSI) က ထုတ်ပြန်ထားပါတယ်။

“အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ် လူငယ်တွေရဲ့ ယုံကြည်မှု” ဆိုတဲ့ခေါင်းစဉ်နဲ့ ၂၀၂၅ ခုနှစ်၊ မတ် ၂၁ ရက်ကနေ ၂၅ ရက်အထိ ၅ ရက်အတွင်း မြို့နယ် ၂၃၇ ခုမှာ ကောက်ယူခဲ့ပြီး စစ်တမ်းဖြေဆိုခဲ့သူ လူငယ် ၃,၁၂၈ ယောက်အပေါ်မှာ တွက်ချက်ပြီး စစ်တမ်းကောက်ယူထားတဲ့ရလဒ်ကို BSI က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

အဆိုပါစစ်တမ်းဟာ နွေဦးတော်လှန်ရေး ၄ နှစ်ခွဲကျော်ကာလမှာ လက်ရှိနိုင်ငံရေးရေချိန်နဲ့ အနာဂတ်အတွက် လူငယ်ထုဆီက သဘောထားအမြင်တွေနဲ့ပတ်သက်လို့ ကောက်ယူခဲ့တာဖြစ်ပြီး စစ်တမ်းအရ လူထုဘက်က ယုံကြည်မှုရှိမှုနဲ့ ယုံကြည်မှုမရှိမှုဆိုတဲ့ အပိုင်း ၂ ပိုင်းကို ရာခိုင်နှုန်းတွေအလိုက် ဖော်ပြထားတယ်လို့ ဆိုပါတယ်။

စစ်တမ်းအရ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ကတော့ ယုံကြည်တဲ့ဘက်မှာရှိပြီး ၄၈ ရာခိုင်နှုန်းရှိသလို NUG ရဲ့ စီမံမှုအောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကတော့ ၅၇ ရာခိုင်နှုန်း ယုံကြည်မှုရရှိထားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လူထုယုံကြည်မှု မရှိတဲ့အပိုင်းမှာ ထိပ်ဆုံးက ရပ်တည်နေပြီး လူငယ်ထုက ၈၀ ရာခိုင်နှုန်းအထိ ယုံကြည်မှု မရှိသလို မင်းအောင်လှိုင်ရဲ့ စစ်တပ်ကလည်း ယုံကြည်မှုမရှိတဲ့အပိုင်းမှာ ၇၇ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါသည်။

အဆိုပါစစ်တမ်းထဲမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ “ဝ”တပ်ဖွဲ့ (UWSA) လည်း ပါဝင်ပြီး အဆိုပါ ၄ ဖွဲ့ကိုတော့ လူငယ်ထုယုံကြည်မှုက ၃၁ ရာခိုင်နှုန်းရှိတယ်လို့ စစ်တမ်းက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့ဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ရဲဖြစ်သူရဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံက အဆိုးဘက်ကနေ အကောင်းဘက်ကို ဦးတည်နေသည်ဟု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ဝါဒဖြန့်

စစ်တပ်ကတာဝန်ယူထားတဲ့  ၄နှစ်တာအတွင်း တိုင်းပြည်ဟာ အဆိုးဘက်ကနေအကောင်းဘက်ကိုပြောင်းလာတာကြောင့် ပြည်သူကအကဲခတ်နိုင်ပြီလို့ အာဏာသိမ်း စစ်တပ်က အငြိမ်းစားရယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။
Read More

ရခိုင်ပြည်နယ်အတွင်း AA ရဲ့ ထိုးစစ်တွေကြောင့် ဧရာဝတီတိုင်းထဲက စစ်တပ်အသိုင်းအဝိုင်းပါ သွေးပျက်လာ

ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ အမ်းမြို့နယ်တွေအတွင်းကနေ မြို့နယ်အစပ် နေရာတွေအထိပါ ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်လာနေပြီး နေရာချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက စစ်ကောင်စီရဲ့ တိုင်းအစိုးရအဖွဲ့နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်အရာရှိတွေလည်း သွေးပျက်ကာ လုံခြုံရေး ပိုမိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်မှုထမ်းရမည့်သူများအပါအဝင် ရခိုင်ပြည်နယ်ပြင်ပ ထွက်ခွာရန် ကြိုးစားအားထုတ်‌နေသူများကို AA စည်းကမ်းချက် (၄) ချက်ဖြင့် တားမြစ်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနေနဲ့ ရခိုင်ပြည်ကနေ ပြင်ပကို ထွက်ခွာဖို့ ကြိုးစားအားထုတ်‌နေကြတဲ့သူတွေအတွက် တားမြစ်တဲ့အချက် (၄) ချက်ပါ စည်ကမ်းချက်တွေကို မေလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေဘေးကြောင့် ဆုံးရှုံးမှုတွေ ကြီးမားမယ်လို့ မမျှော်လင့်ခဲ့ကြောင်း မင်းအောင်လှိုင် ပြော၊ သန်းခေါင်စာရင်းကောက်ဖို့ ရေဘေးသင့်ပြည်သူတွေကို နေရပ်အမြန်ပြန်ပို့ဖို့ စစ်ခေါင်းဆောင် ညွှန်ကြား

ရာဂိမုန်တိုင်းရဲ့ အရှိန်ကြောင့် နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားသွားလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ စက်တင်ဘာ ၁၇ ရက်ကလုပ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။