စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေတဲ့ ကျေးလက်နေ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းကင်းမြို့နယ် ပကဖ အဖွဲ့က စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဇူလိုင်လ ၁၃ ရက်ကစလို့ အိမ်ထောင်စု (၁) စု ကို ပဲဆီ (၆၀) ကျပ်သား၊ အသားတု (၂၀) ကျပ်သား၊ အိုင်အိုဒင်းဆား (၅၀) ကျပ်သား၊ ဟင်းချက်မှုန့် (၂၅) ကျပ်သား၊ ငါးခြောက် (၃၅) ကျပ်သား၊ ဆန် (၄) ပြည်တို့ကို မင်းကင်းမြို့နယ် ပကဖက ကူညီပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

ပကဖ အဖွဲ့တွေဟာ ပြည်သူ့စစ်မဟာဗျူဟာအရ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အတူ စစ်ရေး တာဝန်တွေ ထမ်းဆောင်နေသလို ပြည်သူလူထု ကူညီထောက်ပံ့ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နေတယ်လို့ ပကဖ အသံက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတက္ကသိုလ်ဝန်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ တပ်ကူလာတဲ့စစ်သားတွေ တိုက်ခိုက်ခံရပြီး အယောက်၂၀ နီးပါး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တက္ကသိုလ်ဝန်းထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ်ဂိတ်နဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားအယောက် ၂၀ ဝန်းကျင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ SAGAING PDF ထံက သိရပါတယ်။
Read More

ဘုတလင် ပကဖက အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်/ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သင်တန်းမှာ ပါဝင် လှုပ်ရှားသူက ပြောပါတယ်။
Read More

Southern Eagle PDF (P-P29909) တပ်ရင်းရဲ့ မြန်မာ့ရိုးရာ ဘုံကထိန်အလှူပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Southern Eagle PDF (P-P29909) တပ်ရင်းအနေနဲ့ တစ်နှစ်မှာ တစ်ကြိမ်သာ ပြုလုပ်လေ့ရှိတဲ့ မြန်မာ့ရိုးရာ ဘုံကထိန်အလှူပွဲ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

သရက်ခရိုင် PDF အမှတ် ၄ တပ်ရင်း အပတ်စဥ် (၈) နှင့် (၉) အခြေခံစစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ကွပ်ကဲတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) နဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရေးအခြေအနေအရ လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မကွေးနှင့် စစ်ကိုင်းရှိ ကျေးရွာများကို တစ်ရက်တည်းမှာပဲ စစ်အုပ်စု လေကြောင်းဗုံးကြဲ၊ ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ်နှင့် စေတီများ ထိခိုက်ပျက်စီး

မကွေးတိုင်း၊ ကမ္မနယ်အနောက်ခြမ်း၊ ပခုက္ကူ − ပေါက် ကားလမ်းမကြီးတစ်လျှောက် သာကြီးတောင် နဲ့ တပ်မတောင်ကြားကို စစ်အုပ်စုက ဇွန်လ ၇ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖားကန့်တွင် ဆီကားမောင်းသူ အပါအဝင် အမျိုးသမီးတစ်ဦးနှင့် စိတ်ကျန်းမာရေး မကောင်းသူတစ်ဦးတို့ကို အကြမ်းဖက်စစ်တပ်ဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်ဘက်ကို ဆီသယ်ကားမောင်းနှင်လာတဲ့ ယာဥ်မောင်းအမျိုးသား အပါအဝင် အမျိုးသမီးတစ်ယောက်နဲ့ စိတ်ကျန်းမာရေးမကောင်းသူ တစ်ယောက်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။